[11] Easy to break, easy to fall

5.5K 484 41
                                    

Check Zawgyi version below ⬇️

#Unicode

Afa ဟာ အဝေးမှုန်သူတစ်ဦးဖြစ်သည် ။

မျက်စိရှေ့က အရာ‌တစ်ခုကိုပဲကြည့်ကာ ရှေ့ကိုကြိုမတွေးတတ်တဲ့ သူမျိုးပဲဖြစ်သည် ။
‌အဝေးကအနာဂတ်ကို ကြိုမြင်ခဲ့ရင်တောင်မှ မသိယောင်ဆောင်တတ်တဲ့ ဟန်ဆောင်အဝေးမှုန်သူတစ်ဦးပင် ။
အဲသလိုဆိုရင် Afa ကို သိပ်ပြီးပေါ့ဆလွန်းတယ်လို့ ထင်ကြမလား ?

တခါတရံ လူသားတို့သည် မိမိထံဦးတည်လာသော ဓားသွားကို မြင်နေရပါလျက် ၊ မရှောင်နိုင်ပဲရှိတတ်၏ ။
ဒါဟာ 'တုံး'လို့လဲမဟုတ်သလို ၊ 'အ'လို့လဲမဟုတ်ပါ ။
အားနည်းလို့ ၊စွမ်းအားမဲ့လို့ပဲဖြစ်သည် ။

အရှိန်ပြင်းတဲ့ မြှားဦးကို ပဝါပါးလေးနဲ့ ခုခံနေရသလို၊ ကြိုးစားပေမယ့်အရာမထင် ။
မြှားတံက ပဝါကိုဖောက်ပြီး ဝင်လာမှာပဲ မဟုတ်လား ?
ဒါဆိုရင် ဖြစ်သမျှကြိတ်ခံနေတာလား ဆို‌တော့ . . . ။
မဟုတ်ပါဘူး ။
ဖြစ်လာနိုင်သည့်အနာတရကို စွမ်းနိုင်သလောက်နည်းအောင် ချင့်ချိန်နေထိုင်ရတာပဲဖြစ်သည် ။
ပြေးရင်လဲမလွတ်တဲ့အတွက် ကိုယ်ကိုအနည်းငယ်စောင်းပြီး ရင်ဖက်ကိုမှန်လာမယ့် မြှားကို လက်မောင်းဆီမှန်အောင်လုပ်ယူလို့ရတာပဲ မဟုတ်ဘူးလား ?

ဒါကို သင် တုံးအတယ်လို့ ခေါ်မည်လော ?

ယခုအချိန်၌ Afa သည် Xavia Ash ဟူသော တားဆီးမရတဲ့မြှားတစ်ဆင်းဆီမှ ရှောင်တိမ်း၍ မလွတ်နိုင်တော့ပေ ။
အကြွင်းမဲ့အင်အားကို ပိုင်စိုးသော ရှင်ဘုရင်တစ်းပါးကို ကျွန်မလေးတစ်ယောက်က ဘယ်လိုလွန်ဆန်နိုင်မည်နည်း ။

မာန ?
Afa မေ့နေပြီဖြစ်တဲ့ စကားလုံး ။
သိက္ခာ ?
Afa မှာ မွေးကတည်းကပါမလာခဲ့ ။

Afa ပိုင်ဆိုင်တာဆိုလို့ မိမိရဲ့သေးမျှင်တဲ့ အသက်ကလေးတစ်ချောင်းသာရှိသည် ။
ဒါကြောင့် အိပ်မက်တွေကို လွတ်လပ်စွာ မက်နိုင်တဲ့လူတွေနဲ့ မတူပဲ ၊ Afa ဟာ ဤအသက်ကလေးကို တန်ဖိုးရှိအောင် ကြိုးစားနေတာပဲဖြစ်သည် ။
တစ်စုံတစ်ယောက်ကို စိတ်ချမ်းသာစေမယ်ဆိုရင် Afa စိတ်လိုလက်ရပေးလိုက်မည် ။
အဲ့ဒီတစ်စုံတစ်ယောက်ဟာ Afa ကို တစ်ခါမှအသိအမှတ်မပြုခဲ့တဲ့ ဖခမည်းတော်ဖြစ်စေ ၊ အကြင်နာမဲ့တဲ့ ရန်သူ ဧကရာဇ်တစ်ပါးဖြစ်စေ . . . ။

Days of Counting Camellia (Hiatus)Where stories live. Discover now