[19]Why Ash take an orange to high "

4.1K 421 76
                                    

Check Zawgyi version below ⬇️

#Unicode

ခြေစုံရပ်နေတဲ့ မြေပြင်အနိမ့်အမြင့် မတူညီတဲ့သူနှစ်ယောက်ဟာ ဘယ်လိုမှ မြင်ကွင်းတစ်ခုတည်းကို မြင်နိုင်မှာမဟုတ်ပါ ။ Ash သိပါတယ် ... ။ သူ့ရဲ့ရင်ထဲမှာ သူမကို နေရာတွေအများကြီးပေးထားသလောက် သူမကတော့ သူ့အတွက် ထိုသို့လုပ်နိုင်မည် မဟုတ် ။

သူက အများကြီးစိတ်ဝင်စား ငေးကြည့်မိခဲ့တဲ့သူပဲဖြစ်တာမို့ သူပဲ အများကြီးခံစားနေရတာက သိပ်တော့မထူးဆန်းဘူး မဟုတ်လား ?

သူ့မှာ တစ်ခါသတိရတိုင်းတစ်ခါ ကျောက်တုံးလေးတွေစီနေခဲ့တာ နှလုံးသားတစ်ခုလုံး ပြည့်နေပြီ ။ တခါတလေ မုန်းတီးတဲ့စိတ်နဲ့ သိုလှောင်ထားသမျှ ခံစားချက်တွေကို ကန်ဖြိုမိသော်လည်း ဘယ်တော့မှ မအောင်မြင်ခဲ့ ။

သူဘာမှတောင် မပြင်ဆင်ရသေး... သူ့ရဲ့လက်တစ်ကမ်းမှာလာပြီး ကိုယ်ထင်ပြသည် ။ မြင်နေရတော့ ရက်စက်ချင်သည် ။ မမြင်နေရတော့ ကြင်နာချင်သည် ။ ဒီလိုဆိုပြီး အနားမှာခေါ်ထားပါတော့လဲ သူမရဲ့အမူအရာတွေကို မုန်းတီးသလို ၊ ခံပြင်းသလို ... သူ ဘာလိုချင်သလဲ သူကိုယ်တိုင်တောင်မသိ ။

သူပြောသမျှ ၊ ပြုသမျှကို ဘာမှမဟုတ်သလို ခါချနေတဲ့ သူမရဲ့မထုံတတ်တေးတုန့်ပြန်မှုတွေကို မြင်ရတိုင်း အနားကိုသွားကာ ဆွဲဖမ်းပြီး အသားနုနုလေးထဲ သွားဆွယ်ကိုနှစ်မြုပ် တနုံ့နုံ့ကိုက်ဖြဲ ဝါးမြိုပစ်လိုက်ချင်သည် ။ အဲသလိုလုပ်ပြီးရင်‌တော့ သူမကြောင့် သူထပ်ပြီး အနှောက်အယှက်မဖြစ်တန်ကောင်းသား ။

လသာဆောင်ပေါ်မှ Ash ရဲ့အသံကို ကြားတော့ သူမ သူ့ကိုမော့ကြည့်လာတော့သည် ။ သို့သော် သူနဲ့ မျက်လုံးချင်းဆုံတာနဲ့ အကြည့်လွှဲသွားကာ ခေါင်းငုံ့သွား၏ ။ ထို့နောက် သူ၏အမိန့်အား မတတ်သာလို့ လိုက်နာလိုက်ရသည့်ပမာ အဆောင်ထဲသို့ တရွေ့ရွေ့ဝင်လေသည် ။

အဲဒါတွေကို သူသည်းမခံနိုင်တာ .....

အူထဲ၊ ကလီစာထဲကနေပါ အလိုမကျ တကျိကျိယားနေသော Ash သည် စိတ်ကိုအရှည်ကြီးဆွဲဆန့်ပြီး စောင့်နေလိုက်သည် ။ ‌သေးကွေးတဲ့ကိုယ်လုံးနဲ့ သေးကွေးတဲ့ခြေထောက်လေးတွေရှိတဲ့သူမမို့ အနားရောက်လာဖို့ နာရီပေါင်းများစွာ အချိန်ယူနေရလေသလား မပြောတတ် ... ။

Days of Counting Camellia (Hiatus)Where stories live. Discover now