[22]' Enemies of the damn '

4.3K 379 46
                                    

Check Zawgyi version below ⬇️

#Unicode

Ash : " ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ ? "

ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် Afa လုပ်လက်စအလုပ်ကို ရပ်လိုက်သည် ။

နောက်ကျောမှလာသော အသံဖြစ်ပေမယ့် ဘယ်သူလဲ လှည့်ကြည့်စရာတောင်မလို ... သူမှန်းသိသည် ။ ကွဲရှတဲ့မြည်ဟန် ၊ တည်ငြိမ်တဲ့တုန်ခါမှု ... နားထောင်မိသူတိုင်းအပေါ် ဩဇာ‌လွှမ်းသည့် ပြည့်စုံသောပေါင်းစပ်မှုပင် ။ ဒီလို အသံမျိုးကို Xavia Ash ဆိုတဲ့ ဧကရာဇ်တစ်ပါးပဲပိုင်မည် ။

ကောင်မလေးသည် သူမ၏အာရုံတွေကပါ ရှင်ဘုရင်ရဲ့တည်ရှိမှုကို မှတ်သားထားကြပြီဆိုသော ထိတ်လန့်ဖွယ်အချက်ကို သတိမထားမိခဲ့ပါ ။

Afa သည် အခုမှ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်မိ၏ ။ ကောင်းကင်ကြီးမှာ မှောင်မည်းကာ မိုးစုန်းစုန်းချုပ်လေပြီ ။

ဒီတိုင်းပြည်မှာ ညရောက်တာက မြန်လိုက်တာ ... ။

Ash : " ဘာတွေလဲ ? "

Afa ၏ လေးပင်မှုကို သူစိတ်မရှည်လို့နဲ့တူပါသည် ။ အဖြေကိုစောင့်မနေတော့ပဲ အနားလာကာ Afa နည်းတူ ကြမ်းပြင်မှာပဲ တင်ပျင်ခွေထိုင်ချလိုက်လေ၏ ။

သူ့အပြုအမူကြောင့် Afa မှာ အံ့ဩသွားရသည် ။ သူဟာ သိပ်ကို မာန်မာနကြီးသော ရှင်ဘုရင်တစ်ပါးပါ ။ သူ့ကို ဘယ်အချိန် ဘယ်နေရာမှာ ကြည့်ကြည့် ကိုယ်ဟန်အနေအထားမှာ သေသပ်ကာ လှပသည် ။

အဲ့သလို လူက ကြမ်းပြင်ပေါ်မှာ သက်တောင့်သက်သာ ထိုင်ပြီး စတော််ဘယ်ရီသီးတွေကို ဟိုကိုင်ကြည့် ဒီကိုင်ကြည့်လုပ်နေတဲ့ပုံက အံ့ဖွယ်တစ်ခုလို့ပင် ဆိုလို့ရသည် ။ ဖြစ်နိုင်ရင် ဤပုံသဏ္ဌာန်ကို Afa မှတ်တမ်းတင်ပန်းချီ ရေးဆွဲထားလိုက်ချင်သည် ။

နီရဲသော စတော်ဘယ်ရီလေးတစ်လုံးကို ပဝါဖြူနဲ့ပြောင်အောင် ဂရုတစိုက်သုတ်ပြီး အိုးထဲထည့်လိုက်သည့် သူသည် အနည်းငယ် ချစ်စဖွယ်ကောင်းတာကတော့ ငြင်းလို့မရ ... ။
နဂို ပုထုဇဉ်လူသားတို့ လက်လှမ်းမမှီနိုင်သည့် နတ်သားလို အရှိန်အဝါမျိုး သူ့မှာမတွေ့ရတော့ ။

Days of Counting Camellia (Hiatus)Where stories live. Discover now