[37] These feelings are too dirty to be called Love '

4.6K 363 50
                                    

Scroll down ⬇️ Zawgyi version is below .

#Unicode

" အရှင် , အဲ့ဒီနွေညက ... "

Afa ထိုသို့ စကားစလိုက်သောအခါ လက်ကောက်ဝတ်ဆီမှ အကြည့်တွေ Afa. မျက်နှာပေါ်ရောက်လာသည် ။

သူ့ရဲ့ မျက်စံတွေက မှင်လိုနက်ကာ ညလိုမှောင်၏ ။ မျက်ဝန်းအိမ်ထဲ ‌နှင်းစက်ကလေးတစ်စက် ကြွေကျထားသလို ကြည်ကာလဲ့သော အိုင်ငယ်ထွန်းနေပေမယ့် ငေးမိသူအား တွန်းကန်နေလေသည် ။ ထိုကြည်လဲ့တဲ့အ‌ပေါ်ရေပြင်အလွှာကို ဖောက်၍ ဘယ်သူကမှ ရေအိုင်နက်ထဲ ခိုးမကြည့်နိုင်အောင် ... မကျူးကျော်နိုင်အောင်များ ... ကာကွယ်ထားလေသလား ?

အကြည့်တစ်ချက်က Afa. အား အေးစက်နက်နဲတဲ့ နေရာဆီ ဆွဲခေါ်သွားသလို ... Afa အငိုက်မိကာ တုံ့ဆိုင်းသွားရ၏ ။

Afa သူ့ကို ဘာမေးခွန်း‌တွေ မေး‌တော့မလို့လဲ ?

သေချာ တွေးကြည့်လျှင် နွေဦးညက ပတ္တမြားမျက်ဝန်းတွေနဲ့ သနားဖွယ်သားရဲငယ်ဟာ အကြင်သူဖြစ်နေနိုင်ချေ လုံးဝမရှိပါ ။ ကောင်လေးနှစ်ယောက်စလုံးမှာ ဆင်တူတဲ့ နှလုံးခဲစေသော အရှိန်အဝါတွေ ရှိကြပေမယ့် ၊ သူတို့ရဲ့ ကွဲပြားသော မျက်ဝန်းအရောင်တွေကြောင့် မတူတဲ့လူနှစ်ယောက်ပဲဆိုတာ သေချာသွားစေသည် ။

မီးငှက်ရဲ့ မျက်ဝန်းနီတွေဆိုတာ ဒီလောကကြီးမှာ ထူးကဲပြီး သိပ်ရှားပါတယ် ။ Afa တွေ့ဖူးတဲ့ မျက်ဝန်းနီနဲ့ မာနမင်းသားလေးတစ်ယောက်သာ ထိုမျက်ဝန်းတွေကို ပိုင်ဆိုင်တာဖြစ်တယ် ။

ဒီအချက်တစ်ခုနဲ့တင် အကြင်သူရဲ့မှင်ရည်စို မျက်ဝန်းအေးတွေဟာ ပုံပြင်ကလေးနဲ့ ကွဲနေပြီ ။ သူ မဟုတ် ။

ဒါဆိုရင် ဘယ်အရာက Afa. ကို ဒီလိုခံစားနေစေတာလဲ ?

အကျွမ်းဝင်သော ၊ နှစ်လိုသော ကြည့်ပုံတွေ ... ဘာမှမသက်ဆိုင်တဲ့ အမာရွတ်အပေါ် ပူပန်ပုံတွေ ... သူ သိသလိုပြောတဲ့ သူ့နှုတ်မှ စကားလုံးတွေ ။ ဒါတွေအားလုံးက သံသယတွေကို နိုးထစေသည် ။ သူဖြစ်နေနိုင်တယ်ဆိုတဲ့ သေးမွှားတဲ့ သံသယ ၊ ပါးမျှင်တဲ့ မျှော်လင့်ချက် ... ။

ဘာကြောင့်ဆိုရင် အဲ့ဒီညက ကောင်လေးဟာ Afa. ရဲ့ ပျော်ရွှင်စရာ အိက်မက်တွေထဲ တံခါးမခေါက်ပဲ အမြဲကျူးကျော်ဝင်ရောက်လာခဲ့ကာ Afa မသွားဖူးသော ‌အရပ်တွေကို ခြေဆန့်စူးစမ်းစေခဲ့သည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now