[20]' The West Wind of Mine '

4K 361 48
                                    

Check Zawgyi version below ⬇️

#Unicode

လိမ္မော်သီးတစ်လုံးကြောင့်လဲ အမြတ်တော်ရှတတ်တဲ့ အရှင်သခင်သည် အဲ့ဒီနေ့က Afa ရဲ့ စိတ်ထဲမှာ အနောက်လေပြေအဖြစ် အမှတ်ရကျန်ခဲ့သည် ။

အနောက်လေပြေသည် အညှင်သာဆုံးဖြစ်သော်လည်း လေနတ်သားတို့၏သဘာဝအတိုင်း ခန့်မှန်းမရ ။ ထိုလေနတ်ကလေးဟာ ဘယ်လောက်ဂရုဏာထားပါသော်လည်း သူ့အရှိန်အဝါအောက် သေးနုတ်တဲ့ကျွန်ငယ်မှာ အလူးလူးအလွင့်လွင့်ပါ ။

လိမ္မော်သီးလေးကို အမြင့်မှာထားရုံနဲ့ လိမ္မော်သီးဟာ ရုတ်ချည်းမြင့်မြတ်သွားမှာမဟုတ် ။ အပေါ်ယံအပြင်အဆင်တစ်ခုနဲ့ Afa ရဲ့ တည်ရှိမှုကို ပြောင်းလဲလို့မရ ။Xavia နန်းတော်ကြီးထဲမှာ Afa ဟာ တိုင်းတစ်ပါးကဖမ်း‌လာတဲ့ သုံ့ပန်းတစ်ယောက် အမြဲတမ်း ဖြစ်နေဦးမှာပဲဖြစ်သည်။

Ash : " ‌ရော့ အသီးအရွက်လဲစား "

Afa ရဲ့အရှေ့သို့ ဆလတ်ရွက်ပန်းကန်ကို တိုးပေး၏။ သူ ဒီလိုလုပ်တာ လေးငါးကြိမ်ရှိပြီ ။

Afa သူ့ရဲ့ ရည်ရွယ်ချက်ကို အဓိပ္ပါယ်မဖွင့်နိုင် ။ သူ စားခိုင်းတာတွေကိုသာ ကြိုက်တာရော ၊ မကြိုက်တာရော မျက်နှာမပျက် အကုန်သာစားလိုက်သည် ။

Afa. ကို ဝလင်အောင်ကျွေးနေလဲ သူ့အတွက် ဘာအကျိုးထူးမှာလဲ ? တစ်နေ့ သူသတ်ရင်သေမယ့် လူပဲ ... ။

ယုန်ကလေးကို မုန်လာဥကျွေးသလို သဘောမျိုးပဲလား ၊ ဒါမှမဟုတ် အသက်ရှည်ရှည်ထားပြီး ကြာကြာနှိပ်စက်ဖို့ပဲလား ? ဒုတိယအချက်က ပိုဖြစ်နိုင်သည် ။

ခေါင်းသာငုံ့၍ ဝါးနေသော Afa ကို သူစိတ်ဝင်တစားကြည့်နေတာ အရမ်းသိသာ၏ ။လစ်လျှူရှုလို့မရအောင်နက်တဲ့ ရွှန်းလဲ့လဲ့မျက်ဝန်းတွေမို့ လွန်စွာ အခက်တွေ့ရ၏ ။ သူက Afa. ကို အာရုံစိုက်တော့ Afa ကပါ သူ့ကို အာရုံစိုက်ရသည် ။

မျက်နှာထားစရာမရှိအောင် လိုက်ကြည့်နေတဲ့ သူ့ကို တစ်ကိုယ်လုံးတောင့်တင်းကာနေရင်း တစ်ချက်တစ်ချက် Afa စောင်းငဲ့ကြည့်သည် ။ သူသေလောက်အောင် မုန်းပါတယ်ဆိုတဲ့ ရန်သူရဲ့မျက်နှာပဲလေ ... သူ့ အကြည့်တွေထဲ ဘယ်လိုခံစားချက်တွေရှိလေမလဲ သိချင်မိ၏ ။

Days of Counting Camellia (Hiatus)Where stories live. Discover now