[34]' The cleansing day of Xavia '

3.6K 307 70
                                    

Scroll down ⬇️
Zawgyi version is below.

#Unicode

စိမ်းစိမ်းစိုသည့် မြက်ခင်းပြင်ပေါ်၌ စောင်ဖြူကိုခြုံ၍ အေးစက်သောခန္ဓာကိုယ်များ လှဲလျောင်းနေကြ၏ ။

စီတန်းထားသော အဝတ်ဖြူအုပ် အလောင်းတို့မှာ မြက်ခင်းပြင်ကြီးအပြည့်ဖြစ်သွားပြီ ။ လေအေးများ ဖြတ်တိုက်သွားတိုင်း သေလူတို့ အသက်ရှူနေသယောင် ... အဝတ်ဖြူစတို့ လှုပ်ရှားသွားနေသည် ။

နေ့လည်ခင်း၏ နေခြည်နွေးနွေးအောက် ကျောချမ်းဖွယ် အ‌ငွေ့အသက်တို့သာ လွှမ်းမိုးလျက် ... ။

စည်း-ထိန်းအဖွဲ့သည် Laplace တောင်တန်းပေါ်၌ အလောင်းများကို ‌ရှာဖွေတွေ့ရှိသည်နှင့် မတုံ့မဆိုင်း ကာယကံရှင်တို့၏ အိမ်တော်အသီးသီးထံ စာပို့အကြောင်းကြားခဲ့၏ ။ ထိုနေ့ နံနက်ခင်း ပြာလွင်‌သော ကောင်းကင်ယံသည် စာပို့ငှက်များဖြင့် ပြည့်ခဲ့နေလေသည် ။

ဝမ်းနည်းဖွယ် သတင်းကိုရသော မိသားစုဝင်တို့မှာ အမှန်တရားကို ငြင်းဆန်ရင်း Laplace တောစပ်၌ စောင့်ဆိုင်းနေခဲ့ကြသည် ။

မနေ့ကမှ မိမိတို့၏အိမ်တော် မျက်နှာပန်းပွင့်ရေး ဂုဏ်ဆောင်မည့် အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးတို့သည် ယနေ့နံနက်ပဲ လောကကြီးကနေ ထွက်ခွာသွားကြလေသတဲ့ ? မယုံနိုင်ပါ ... ဒါ အလိမ်အညာပဲဖြစ်ရမည် ။

သို့သော် ... အလောင်းများကို တင်ဆောင်လာသော ဝန်တင်မြင်းလှည်းများ တောစပ်မှ ပေါ်ထွက်လာပြီးတဲ့အချိန်တွင်တော့ အဖြစ်မှန်ကို လက်ခံကြရလေပြီ ။ ခြောက်ခြားဖွယ်အိပ်မက်ဟာ အမှန်တရားဖြစ်နေခဲ့လေသည် ။

မိသားစုဝင်တို့သည် နှုတ်မှ အမျိုးမျိုးသော နာမ်စားတို့ကို ခေါ်ဝေါ်ရင်း ငိုချင်းချကြသည် ။ မျိုးရိုးကြီး လူယဉ်ကျေးများဖြစ်သော်လည်း ဆုံးရှုံးမှုက ကြီးမားတာမို့ဣန္ဒြေကို မထိန်းနိုင်ကြတော့ပေ ။

အလောင်းပေါ်မှ အဝတ်ဖြူကို ဖယ်လိုက်လျှင်ပဲ ပြာနှမ်းနေသော ချစ်ရသူတို့၏မျက်နှာများ ... ။

" Graham ! သားငယ်ရေ "

" Lancer ? Lancer , ထပါဦး ! "

" Ella ရေ ! သမီးရဲ့ ! "

Days of Counting Camellia (Hiatus)Where stories live. Discover now