[5] Hurtful

6.1K 475 58
                                    

Check Zawgyi version below ⬇️

#Unicode

ခုနှစ်ခု‌သောပြည်ထောင်တို့သည် နှစ်ပေါင်းတစ်ရာတိုင်အောင် အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသည် ။
အင်အားကြီးသူတို့က မာန်လျော့ကာ အားနည်းသူတို့အား ရိုင်းပင်းခဲ့ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ကြသည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှုချင်းဖလှန်ကြရင်း မိတ်ဖက်ပြုခဲ့ကြသည် ။
လွန်ခဲ့သောနှစ်တစ်ရာကျော်က တစ်လောကလုံးကို ပြာကျလုနီးပါးဖြစ်စေခဲ့သောစစ်မီးကို တဖန်ပြန်လည်အသက်မသွင်းလိုသောကြောင့်ပင်တည်း ။
ထိုသည်မှာ လူတိုင်းသိ သမိုင်းတစ်ခု . . . ။

အမှန်တရားသည် နှစ်တစ်ရာငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သောသူတို့သည် ခုနှစ်ပြည်ထောင်မှရှင်ဘုရင်များမဟုတ်ခဲ့ ။
ဝ‌ပျောစည်ပင်သည့် တိုင်းပြည်တစ်ခု၏ အောက်ခြေ၌ မည်းညစ်သောအရာများရှိတတ်၏ ။
ထိုအရာတို့သည် သေးငယ်သောပုခုံးများဖြစ်သလို ၊ သေးငယ်သောလက်များဖြစ်သည် ။
ထိုအရာတို့သည် ဖြူစင်သောစိတ်နှလုံးများဖြစ်သလို ၊ ဖြူစင်သောဝိဉာဏ်များဖြစ်ကြလေသည် ။
ထိုအရာတို့သည် အားနည်းသောနိုင်ငံငယ်များမှ အင်အားကြီးနိုင်ငံများသို့ ပေးရသော ' အသွေးအသားလက်‌ဆောင်ပဏ္ဏာ ' ဟုတင်စားခေါ်ကြသော တော်ဝင်သွေးနှောသည့် ကလေးငယ်များပေသတည်း ။

ငယ်ရွယ်စဉ်ကတည်းက တိုင်းတစ်ပါးသို့ ဆက်သခံခဲ့ရသော ထိုကလေးငယ်တို့သည် ကြီးပြင်းသည်အထိမနေရ ။
ညှင်းပန်းနှိပ်စက်မှုများကို ခံရတာကြောင့် အရွယ်မရောက်ပဲသေဆုံးကြကာ ၊ အရွယ်ရောက်ခဲ့လျှင်လဲ ဉာဏ်ရည်မမှီကြပဲ ရူးသွပ်သွားကြ၏ ။
ထိုသို့ လူမဆန်သောအပေးအယူတို့ရှိခဲ့ရာ သက္ကရာဇ် ၁၂၇ ၊ ဆောင်းတစ်ခု၌ အရာရာပြောင်းလဲခဲ့လေသည် ။
ထိုသည်မှာ Xavia Ash မည်သော ရှင်ဘုရင်၏ Raven အင်ပါယာကို နေ့ညတွင်းချင်းအောင်နိုင်ခဲ့သောဖြစ်ရပ်ပင်ဖြစ်‌ပေတော့သည် ။

Xavia သည် ငယ်ရွယ်သောရှင်ဘုရင်၏ လက်ထက်၌ နိုင်ငံငယ်မှ အင်ပါယာကြီးတစ်ခုအဆင့်သို့ရောက်ခဲ့လေသည် ။
ဒါကြောင့်လည်း ယခုအချိန်၌ Xavia သည် ကျန်ရှိသော ငါးပြည်ထောင်တို့၏ စောင့်ကြည့်ခံ‌နေရသော အခြေအနေတွင်ရှိ၏ ။
နန်းသက် တစ်နှစ်ပင်မပြည့်သေးသော Xavia Ash သည် ဤဝန်ကို ထမ်းနိုင်မည်လော ?

Days of Counting Camellia (Hiatus)Where stories live. Discover now