[12] The Boy who collects Happiness in a bottle (1) '

5.8K 539 40
                                    

Check Zawgyi version below ⬇️

#Unicode

သူ့ရဲ့ရင်မှာ စုစောင်းထားတဲ့ ကြီးမားသောအငြိုးအတေးတွေကို ချွေးသိပ်ပေးဖို့ အတွက် Afa ဒုက္ခများစွာခံခဲ့သည် ။
ဒီကနေ့ ၊ မနက်ဖြန် ၊ သဖက်ခါ နေ့တိုင်းနေ့တိုင်း သူရက်စက်တိုင်း ခံရမည် ။ Afa သေဆုံးသည့်အချိန်အထိ . . . . . ။
ဒါကြောင့် Afa အဆိုးဆုံးတွေကိုသာ မျှော်လင့်ထားခဲ့သည် ။

သို့သော် . . . . . ။

Ash : " ဒီဒဏ်ရာက ဘာကြောင့် အခုအချိန်အထိ မပျောက်သေးတာလဲ ? မင်းလောက် နုတဲ့လူသား ဒီလောကမှာမရှိတော့ဘူး ၊ မင်း လောကကြီးမှာ ဘယ်လိုနေထိုင်နေတာလဲ ?
ကိုယ့်ကိုယ်ကိုတောင်မှ ဂရုမစိုက်နိုင်ဘူးလား ? "

Afa ရဲ့ လက်ဖဝါးနှစ်ဖက်ကို သူ့‌ရှေ့ ဖြန့်ထားစေကာ ကျန်ရစ်နေသေးသော အက်ကွဲရာအသေးစားလေးများကို စစ်‌ေဆးကြည့်ရှူရင်း ဆူပူနေခြင်းဖြစ်၏ ။
မျက်မှောင်တွေကုတ်ထားသော်လည်း ဧကရာဇ်ရဲ့ အလိုမကျမှုဟာ အရင်ကနဲ့မတူပဲ ကွဲပြားသော အကြောင်းအရာကြောင့်ပါတဲ့ ။
ကြမ်းကြုတ်တဲ့ဘွဲ့နာမည်နဲ့မှ မလိုက်ဖက်၊ နှစ်လိုဖွယ်ကောင်းအောင်လဲ သူအော်ငေါက်တတ်သေး၏ ။

အခုနေ သူ့ရဲ့ အေးစက်စက်အသံနေအသံထားနဲ့ မာကျောတဲ့အမူအရာဟာ ဘယ်လောက်တောင် အဓိပ္ပါယ်မရှိနေသလဲ ဆိုတာကို သူကိုယ်တိုင်ရော သတိထားမိရဲ့လား . . . ။
ဒီကျွန်ဟာ သူအရမ်းမုန်းပါတယ် ဆိုတဲ့ Afa Raven ပါ ။
သူ ချက်ချင်းကွပ်မျက်ပစ်ခဲ့ရမယ့် ရန်ဖက်ဧကရီတစ်ပါး ။
သူဘာကြောင့် နှင်းပွင့်လေးတွေကို အေးစက်ပေမယ့် နူးညံ့နိုင်ရတာလဲ ?
သဘာဝအရ အေးစိမ့်နေပေမယ့် တကယ်အထိအတွေ့မှာ ညှင်သာတတ်တာဟာ သူ့ရဲ့ စရိုက်ပဲလား ။

သူ ဟန်ဆောင်နေသလား ၊ တကယ်ပဲလား ? ဖြေ‌ကြားပေးပါ ။
ဘာကြောင့်လဲဆိုရင် သိပ်ကိုလှည့်စားဖို့လွယ်ကူတဲ့ ကျွန်ငယ်ဟာ ယုံကြည်နေမိပြီမို့ . . . ။

တွေးဆဆ ငေးဆဆ ၊ မျက်နှာလှလှရဲ့ အရှေ့ဆွံ့အနေမိသည် ။
Afa ရဲ့ လက်ဖဝါးလေးထပ် သူ့ရဲ့လက်ချောင်းတွေ ပွတ်ကာစမ်းလျှင် ခပ်စူးစူးနာကျင်၏ ။
အထိအတွေ့မှ ရင်ဖက်ထဲဆီ ။

Days of Counting Camellia (Hiatus)Where stories live. Discover now