[38]' Calm before the storm '

3.5K 270 66
                                    

Scroll down ⬇️ Zawgyi version is below .

#Unicode

လူငယ်တစ်ယောက်သည် အခန်းထဲတွင် အပူတိုက်ခံထားရသကဲ့သို့ ဂနာမငြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏ ။ ဂုဏ်ယူစွာ ဝတ်ဆင်ထားခဲ့သော ခရမ်းရောင်သူရဲကောင်း ဝတ်စုံမှာလဲ အခုတော့ မှုန်မှိုင်းပေကျံနေပြီ ။ မီးလင်းဖိုမရှိတဲ့ အေးစက်သော အခန်းထဲမှာတောင်မှ ဇောချွေးတွေ နစ်နေသည် ။

ထိုသူငယ်အား မျက်စိ‌ထောင့်ထောက် ကြည့်နေသူ အခန်းအလယ်၌ ရပ်နေသည့် အသက်လတ်ပိုင်းအရွယ် ယောင်္ကျား၏မျက်နှာပေါ်၌လည်း စိုးရိမ်ပူပန်သော အရိပ်အယောင်တွေ မြင်နေရသည် ။ ယောင်္ကျားကြီးမှာ ကောင်လေး၏ နီရဲသည့်မျက်ဝန်းထောင့်များကို ကြည့်ရင်းမှ အံကိုကြိတ်လိုက်လေ၏ ။ တင်းသွားသော ခန္ဓာကိုယ်ကြောင့် သန်မာတုတ်ခိုင်သော ‌လည်တိုင်မှ သွေးကြောတွေသည် နီရဲထောင်ကြွလာ၏ ။

သခင်၏ ဝမ်းနည်းမှုအား ခံစားသိရှိနိုင်သော သားရိုင်းတစ်ကောင်နှယ် ... ။

လူငယ်လေးမှာ မိမိရောက်နေသော အခြေအနေကို အလုံးစုံ နားမလည်နိုင်သေး ... ။ သူ၏ မျက်လုံးထဲတွင် ရဲမက်များ အတင်းအကြပ်လာရောက် ဖမ်းစီးသွားတဲ့ အိမ်တော်မှလူတွေ၏ မျက်နှာများကိုသာ အခါအခါ မြင်ယောင်နေလေ၏ ။ သူသည် ထိုအခိုက်တန့် ဖခင်ဖြစ်သူရဲ့ အလောင်းရှေ့ ဆွဲမှောက်ခံလိုက်ရကာ အလူးလူးအလှိမ့်လှိမ့် ရုန်းကန်‌ အော်ဟစ်နေခဲ့သော်လည်း အဖြစ်အပျက်အား မတားစီးနိုင်ခဲ့ ... ။

Arch-duke အိမ်တော်မှ ခရမ်းရောင်သူရဲကောင်းများ အပါအဝင် ၊ မျိုးရိုးမြင့် အရာရှိ အတော်များများလည်း ဖမ်းစီးခံလိုက်ကြရတာကို တွေ့ရသည် ။ သူ၏ ဝမ်းကွဲအစ်ကိုတော်ဖြစ်သူ , Xavia ဧကရာဇ်အား တွေ့ပြီး အကျိုးအကြောင်း မေးမြန်းချင်ခဲ့ပါသော်လည်း သူ့ကို ဘယ်သူမှ အဖက်မလုပ်ခဲ့ကြ ... ။

ဖခင်ကို ဆုံးရှုံးရသည့် ပူဆွေးမျက်ရည်တို့ပင် မခြောက်သေး ... ၊ ဖခင်‌သေဆုံးရခြင်း နောက်ကွယ်က တရားခံကိုတောင် မသိရသေး ... သူဟာ Xavia နန်းတော်ကြီး၏ တောင်ဖက်မျှော်စင်ပေါ်၌ အကျယ်ချုပ်ချထား ခံလိုက်ရပြီ ။ ဒီနေ့ပါဆိုလျှင် သုံးရက်ပြည့်‌လေပြီ ။

Days of Counting Camellia (Hiatus)Where stories live. Discover now