[23]' Sex-slave in name '

7.8K 525 93
                                    

Check Zawgyi version below ⬇️

#Unicode

Afa သည် Raven တစ်ယောက်ဖြစ်ပါသော်လည်း Raven မျိုးရိုးတို့၏ စံဖြစ်သော ဖြောင့်စင်းပျော့ပျောင်းသည့် ပုတုံးရောင်ကေသာကို မပိုင်ဆိုင်ခဲ့ ။ ညိုလွင်တဲ့  ဆံနွယ်ကောက်ကောက်လေးများကိုသာ မိခင်ဆီမှ လက်ဆောင်ရခဲ့သည် ။

ထိုအကြောင်းကြောင့်လဲ ‌နိမ့်ကျသောသွေးတစ်ဝက်ပါသည့် Afa သည် ကျန်မောင်နှမများနှင့်မတူပဲ များစွာကွဲပြားနေခဲ့တာဖြစ်သည် ။ မတူညီတဲ့ကျီးတစ်ကောင်ကို ဝိုင်းဝန်းထိုးသုတ်ကြသလိုပဲ Afa ဟာ သူတို့နဲ့ ကွဲပြားကြောင်း နည်းမျိုးစုံဖြင့် သက်သေပြတတ်ကြ၏ ။

ဒါကြောင့်လဲ ရန်သူပြည် Xavia မှာ ရသမျှအခွင့်ထူးတွေကို အမြဲသံသယဖြစ်ခဲ့မိသည် ။ သွေးသားတော်စပ်သူတွေကတောင် မပေးနိုင်ခဲ့တာ ... ။ ပြီးတော့ ပိုပြီးအံ့အားသင့်စရာကောင်းတာက အခွင့်ထူးတွေကို ပေးသူဟာ Afa. အပေါ် မုန်းတီးနေရမယ့် ဧကရာဇ်တစ်ပါး ။

Afa ဟာ ကန္ဒာရထဲက ခြောက်သွေ့နေတဲ့ သဲမှုန်လေးတစ်ပွင့်ပါ ။ ဒါကို အကြင်သူက ရေပက်ဖြန်းပေးတဲ့အခါ ရင်ထဲတစိမ့်စိမ့်‌ပျော်ဝင်သွားမိတာ အမှားလား ?

ကြေးဝါမှန်ထဲ ထင်ဟပ်နေသော ‌မိမိပုံရိပ်ကိုကြည့်ရင်း Afa မနေတတ်ဖြစ်နေမိသည် ။

Afa ၏ ဝင်းဝါသောအသားအရည်နှင့် အပ်စပ်စေရန် လိ‌‌မ္မော်ရောင်ရင့်ရင့်ဂါဝန်ကို တကူးတကရွေးထားကာ ဒီဇိုင်းမှာမူ ဖဲကြိုးမပါ ၊ ပန်းခက်မပါ ... လွန်စွာရိုးရှင်း၏ ။ မျက်နှာကိုလဲ ဘာမှမရှိသလောက်ပါးပါးလေးသာ ချယ်သထားပေး၏ ။

Afa ၏ နဂို ရိုးစင်းသောပုံသဏ္ဌာန်နှင့် လိုက်ဖက်သော အပြင်အဆင်ပဲဖြစ်၏ ။

Lila ရဲ့ ၂ နာရီကျော်ကျော် ကြိုးပမ်းမှုဖြင့် ကျွန်မလေးမှာ ဘဲရုပ်ဆိုးဘဝမှ ရွှေမင်းသမီးအဖြစ်ပြောင်းသွားသလို ... ‌။ Afa တွင်ရှိသည်ဟု တခါမှမသိခဲ့ဖူးသော အလှတရားတို့သည် အရောင်ထွက်လာသည် ။

Afa မှာမူ မိမိ၏နှုတ်ခမ်းပါးတွေ၌သာ အာရုံရောက်လျက် ... ။
အဆီလိမ်းထားသဖြင့် ကြည်ကြည်လေးတောက်ပနေသော နှုတ်ခမ်းပါးနှစ်လွှာကို သိပ်အသားမကျ‌ ။ သို့သော် ရင်ထဲမှာတော့ ကြည်နူးရ၏ ။

Days of Counting Camellia (Hiatus)Where stories live. Discover now