[26]' Whispers in the forest '

4.3K 371 49
                                    

Scroll down ⬇️
Zawgyi version is below .

#Unicode

မျက်နှာချင်းဆိုင်မှ Afa အား ပေါက်ထွက်မတတ်ကြည့်နေတဲ့ Lila ၏ မျက်လုံးစိမ်းစိမ်းတို့သည် လစ်လျှူရှုရအတော်ခက်၏ ။ ရွေ့လျားနေသော ရထားလုံးထဲမှာမို့အဝေးကို ရှောင်ထွက်သွားလို့လဲမရ ။

Lila : " အဲ့ဒီ အခြေအနေအထိ ရောက်သွားပြီလား ? "

အတန်ကြာမှ Lila မေးခွန်းတစ်ခုထုတ်လာသည် ။ Afa လဲ အကြည့်တွေကို ပြူတင်းအပြင်မှ သူမမျက်နှာ‌ထပ်သို့ ‌လွှဲပြောင်းလိုက်၏ ။

သူမ မျက်နှာပေါ်မှာ ဘာအနက်အဓိပ္ပါယ်မှမရှိ ။ နဂိုပေါ့ပေါ့ပါးပါး ရင်းနှီးသောမျက်နှာပါပဲ ။ ဒါပေမယ့် သူမလေသံတွေထဲ ပူပန်မှုများစွက်နေခဲ့၏ ။

Lila ထိုအဖြစ်အပျက်ကို အစအဆုံး မြင်သွားမှာပဲ ။

Afa မှာ မျက်နှာတစ်ခုလုံး နီမြန်းလာကာ ခေါင်းခါပြလိုက်သည် ။

တစ်ယောက်သောသူကတော့ သူနဲ့မဆိုင်သလို ဟန်ဆောင်၍ထွက်သွားနိုင်ပေမယ့် အတွေ့အကြုံမရှိသော Afa အဖို့ကတော့ သိပ်ပြင်းထန်လွန်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့သည် ။ ဒါ့နဲ့မပြီးသေး ... သူ့လက်ထဲ  အရည်ပျော်ကျခဲ့ရတဲ့ Afa ရဲ့ ပုံသဏ္ဌာန်ဟာ သိပ်ကိုရှက်ဖွယ်ကောင်းနေခဲ့မှာ ... ။

Lila ရဲ့ အမေးအတွက် Afa. မှာ အဖြေမရှိ ။ Afa ခေါင်းသာ ငုံ့ထားမိသည် ။

သူမ ဆက်မေးလာမယ်ထင်ထားသော်လည်း အသံမထွက်လာ‌တော့ပေ ။ စပ်စုတတ်သော သူမရဲ့စရိုက်နဲ့ကွာခြားစွာ  ငြိမ်ချက်သားကောင်းနေ၏ ။ ထို့ကြောင့် Afa လဲ သူမ စိတ်ဆိုးသွားပြီထင်တာကြောင့် သူမမျက်နှာကို မော့ကြည့်အကဲခတ်လိုက်သည် ။

သူမ Afa. ကို မကြည့်နေပဲ ပြူတင်းမှတဆင့် အဝေးကိုငေးနေလေ၏ ။ စိမ်းသောမျက်ဝန်းများ၌ ရှုပ်ထွေးမှုများ ... ။

Afa နဲ့ အရှင်သခင်ကို မရှင်းတရှင်း တွဲယူပေးစားကာ အမြဲတမ်းစနောက်ခဲ့တာလဲ သူမပင် ။ ထို့ကြောင့် Lila တစ်ယောက် Afa တို့နှစ်ယောက်၏ နီးကပ်မှုကို ယခုလို တုံ့ပြန်လိမ့်မယ်လို့ စိတ်ကူးတောင်မယဉ်မိခဲ့ ။ ခဏက အဖြစ်အပျက်ကို အကြောင်းပြုပြီး Afa မျက်နှာမဖော်နိုင်အောင် စည်းလွန်ဘောင်လွတ် စနောက်နေတော့မည်ဟု ထင်ခဲ့မိသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now