[29] Blood Red Eyes in the Snow '

3.1K 311 41
                                    

Scroll down ⬇️
Zawgyi version is below

#Unicode

ဘယ်အရာက သေချာစေတာလဲ မသိ ... ရှေ့ဆက်သွားရင် ရှင်ဘုရင်လေးကို ရှာတွေ့လိမ့်မယ်လို့ ယုံကြည်နေမိတယ် ။

Afa လေ ... ကံကြမ္မာကိုမယုံဘူး ၊ နှလုံးသားကို ယုံတယ် ။ အဲ့ဒီနှလုံးသားနဲ့ အလောင်းအစားလုပ်ပြီး တောရိုင်းကြီးကို ဖြတ်ကျော်ခဲ့တယ် ။

နေ့လည် မွန်းတည့်ချိန်မှာ Afa တို့ Laplace တောင်တန်းတွေဆီ ချဉ်းကပ်နိုင်ခဲ့ပြီ ။

Xavia ပြည်ဟာ နွေဦးရောက်ခဲ့ပေမယ့် Laplace တောင်တန်းတွေကတော့ ဆောင်းမှာကျန်ရစ်စဲ... ။ Laplace တောင်တန်းများတွင်သာ ကွက်ပြီး အချိန်တွေရပ်တန့်နေခဲ့သလို ... တောင်‌တွေပေါ် ၌ နှင်းများဖုံးလွှမ်းလျက် ဖွေးဖွေးဖြူနေခဲ့၏ ။

Laplace တောအုပ်ကြီးဟာလဲ အုံ့မှိုင်းအေးစက်ပါသော်လည်း တောင်တန်းများနှင့် နီးကပ်လာလေ ... အအေးဓာဏ်က ကြောက်ခန်းမလိ တိုးလာလေ ... ။ ကုန်းမြေမှာလဲ တဖြည်းဖြည်း မြင့်လာပြီး လေကိုဆန်တက်ရတာကြောင့် မြင်းပေါ်ကလူအဖို့ လွန်စွာခက်ခဲလေ၏ ။

ကြမ်းတမ်းသော မြေနေရာနှင့် ပြင်းထန်သောရာသီဥတုဒါဏ်ကြောင့် တချက်မနားပဲ အပြင်းနှင်ခဲ့တဲ့ Afa မှာ လွန်စွာ နွမ်းနယ်နေပြီ ။ မြင်းရဲ့အရှိန်ကြောင့် လေအေးတွေက ရင်ဖက်ဆီတိုက်ရိုက် တိုးဝင်ကာ အူကလီစာတွေအထိ အေးစေသည် ။ မြင်းဇာတ်ကြိုးကို ဆုပ်ကိုင်ထားတဲ့ လက်တွေမှာ လက်အိတ်တစ်ထပ်သာစွတ်ထားတာမို့ သိပ်အကူအညီမရ ... ။

တစ်လကျော်ကျော်လောက် အိပ်ယာထဲလဲနေရာကနေ မကြာသေးခင်ကမှ နာလန်ထူနိုင်တဲ့ လူတစ်ယောက်အပေါ် အအေးဓာတ်နှင့် ဆာလောင်မှုက သေချာပေါက်ကို အကြီးအကျယ် ဒုက္ခပေးတော့မည် ။

မောလွန်းတာကြောင့် သတိမထားမိပဲ ကောင်မလေးရဲ့ကိုယ်ဟာ တဖြည်းဖြည်းရှေ့သို့ ကိုင်းကျလာခဲ့သည် ။ ဒါကို ဘေးနားကနေ မြင်းတစ်ကောင်နဲ့ အတူလိုက်ပါတဲ့ Shadow က သတိထားမိ၏ ။

Shadow : " ရပ် ! ရပ် ! ခဏနားမှဖြစ်မယ် "

Afa လဲ ထိုအော်သံကြောင့် မြင်းကိုချက်ချင်းရပ်တန့်လိုက်ရကာ လူကိုလှည့်ကြည့်လိုက်သည် ။ ထိုသူမှာ သူ၏မြင်းပေါ်ကနေဆင်းပြီး Afa ဆီသို့ လျှောက်လာနေပြီ ။

Days of Counting Camellia (Hiatus)Where stories live. Discover now