[3] What's wrong with the Emperor ? "

7.5K 624 38
                                    

Check Zawgyi version below ⬇️

#Unicode

လက်ချောင်းသွယ်သွယ်တွေသည် စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်လှန်လှောကာ ၊ မျက်လုံးနက်တွေကစာမျက်နှာပေါ်တွင် ပြေးလွှားနေသည် ။

အပ်ကျသံပင်မကြားရသော စာကြည့်ခန်းထဲ ပင့်သက်အကြိမ်ကြိမ်ချနေသောအရှင်သခင်နှင့် အသက်အောင့်နေသောသူ၏စေကျွန်များရှိနေသည် ။ နှုတ်ခမ်းနှစ်လွှာကိုတင်းတင်းစေ့ထားသည့် ရှင်ဘုရင်၏အမူအရာသည် မကြာခင်တစ်စုံတစ်ယောက်ခေါင်းပြုတ်တော့မည့် အခြေအနေဖြစ်၏ ။

ဤကဲ့သို့ လေတစ်ချက်ပင့်လျှင်ထလောင်မည့် အခြေအနေသို့ရောက်နေရခြင်းမှာ ဧကရာဇ်မင်းသည် ညပေါင်းများစွာ အိပ်မပျော်နိုင်ခြင်းကြောင့်ပင်တည်း ။ ထိုအကြောင်းကြောင့် နေ့ဖက်တွေ၌စက်တော်ခေါ်ပြီး ညနေခင်းတွေ၌ ညီလာခံအတွင်းသို့ဝင်လေသည် ။

ဒီအတိုင်းဆက်သွားလျှင် Xavia ဘုရင်မင်းမြတ်သည် ညဇီးကွက်အသွင်သို့ပြောင်းတော့မည် ။

စာဖတ်ရင်းလက်တစ်ဖက်ကို ဆန့်ထုတ်ပေးထားရ၍အလိုမကျဖြစ်ကာ မျက်မှောင်ကုပ်နေသော ဧကရာဇ်၏ မျက်နှာတော်အား အကြောစမ်းနေသော သမားတော်အိုကြီးသည် တစ်ချက်တစ်ချက်အကဲခတ်ရ၏ ။ ငယ်ရွယ်သောရှင်ဘုရင်၏ ဒေါသကိုလဲ သတိမူကာ တာဝန်၌လဲအာရုံစိုက်ရ၍ သမားတော်အိုကြီးသည် လွန်စွာစိတ်ဖိစီးလို့နေပြီ ။

ထို့ကြောင့် ဘုရင့်ခန္ဓာကို စမ်းသပ်ပြီးသောအခါ အနောက်သို့ သုံးလှမ်းဆုတ်သွားပြီး စကားလုံးစီရင်း ဦးခေါင်းကို ရိုတသေညွတ်လိုက်သည် ။ သမားတော်အိုကြီးနှင့်အတူ ပါလာသော တပည့်လေးလည်း လိုက်လံဦးညွတ်၏ ။

အဖိုးအိုမှာ သည်တာဝန်ကြီးအား အမြန်ပြီးစေပြီး ဤနေရာမှ အမြန်ထွက်သွားရန် မဆုတ်မဆိုင်းပဲ လျှောက်တင်လိုက်လေသည် ။

" ခန္ဓာကိုယ်မှာ မူမမှန်တာဘာမှမရှိကြောင်းပါ အရှင် ။ ကျွန်တော်မျိုးညွှန်ကြားတဲ့အတိုင်း ဆေးကိုပုံမှန်သောက်ပေးရင် ကောင်းစွာ အိပ်စက်နိုင်မှာပါ "

ထိုအခါ သမားတော်ကြီး၏ မျက်နှာတည့်တည့်သို့ စာအုပ်တစ်အုပ် လွင့်ပျံလာကာ နှဖူးကို ထိမှန်သွားတော့သည် ။ သမားတော်အိုကြီးသည် နှဖူးမှဒဏ်ရာကို အမှုမထား နိုင် ၊ ချက်ချင်း ကြမ်းပြင်ပေါ်၌ နှဖူးအပ်ကာ ဝပ်ချလိုက်သည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now