[39]' Born from ashes '

3.9K 240 65
                                    

Scroll down . Zawgyi version is below ⬇️

#Unicode

အတွင်းဆောင်၏ အနောက်ဖက် ဥယျာဉ်ထဲတွင် အဖြူရောင် ဧရာမရေပန်းကြီးတစ်ခုရှိသည် ။ နေ၏ အပူနှင့်အလင်းကို စုပ်ယူသိုလှောင်ထားတတ်သည့် မီးတောင်ကျောက်အဖြူများကို သုံးကာ ဆောက်လုပ်ထား‌သောကြောင့် ရေပန်းကြီးတစ်ခုလုံးသည် ညအခါ အနုမြူပမာ လင်းလျက် ၊ ၄င်းမှ ထုတ်လွှတ်လာသောရေကြည်တို့မှာလည်း ပူနွေးနေလေသည် ။

ထိုရေပန်းကြီးအား ဗဟိုပြု၍ ပန်းနု‌ရောင်နှင်းဆီအပွင့်ကြီးမျိုးတို့ကို ဥယျာဉ်တစ်ခွင် အပြည့်စိုက်ပျိုးထား၏ ။ နန်းတော်ဝင်း၏ အလယ်တည့်တည့်၌ တည်ရှိသော ပန်းနုရောင်နှင်းဆီပန်းခင်းကြီးဟာ Xavia နန်းတော်၏ အထင်ကရပဲဖြစ်သည် ။ နန်းတော်ကြီးရဲ့ခမ်းနားပုံအား ဆိုကြရာတွင် နှင်းဆီဥယျာဉ်ကြီးအား မဖော်ပြ၍မဖြစ်ပေ ။

ဧကပေါင်းများစွာ ကျယ်ပြန့်သော ဥယျာဉ်တစ်ခြံလုံးမှာ နှင်းဆီချည်းသာ ပျိုးထားတာကြောင့် နန်းတစ်ဝိုက်လုံး နှင်းဆီပန်းနံ့တို့ ထုံသင်းလို့နေသည် ။ ပျားပုတုန်းတို့ ဝိုင်းဝိုင်းခြုံနေပေမယ့် ဥယျာဉ်ကြီးအား ရှုစားနေတဲ့ မူပိုင်ရှင်ဧကရာဇ်ကတော့ အမှုမဲ့ အမှတ်မဲ့ပင် ။

နှင်းဖြူတွေထဲ မှေးမှိန် ပျောက်ကွယ်သွားတတ်သော ပန်းနုရောင်တို့က Ash အတွက် ဆွဲဆောင်မှုမရှိလှ ။

ဒါမှမဟုတ် ဤနေရာသို့ ရောက်လာတိုင်း ပြန်လည်ခြောက်လှန့်လာတတ်တဲ့ အတိတ်ရဲ့တစ္ဆေတွေကြောင့်ပဲလား ... ။

ရေပန်းကြီးရဲ့နဘေး လက်ကိုနောက်ပစ်ကာ တစ်ယောက်တည်းရပ်နေရင်း ရေဆူပေါက်မှ တဖွားဖွားဖြာကျနေတဲ့ ရေပန်းကြီးကို သူ ငေးမောနေလိုက်သည် ။ မျက်ဝန်းနက်ထဲတွင် ရေမျက်နှာပြင်ထပ် မီးရောင်ဟပ်ကာ အလင်းပြန်လာသော အလင်းလှိုင်းခက်လေးတွေ တဖျတ်ဖျတ်လှုပ်ရှားနေလေ၏ ။

သူ့ခေါင်းထဲတွင်လည်း အတွေးရေယာဥ်ကြောသည် အသွင်မပျက် စီးဆင်းလာနေ‌သည် ။

အေးမြတဲ့ လေပြည်မှာ နွေငွေ့လေး ပါလာပြီ ။ လတ်ဆတ်တဲ့ နွေဦးအငွေ့အသက်မှနေ အတိတ်တွေ တဖြည်းဖြည်း အသက်ပြန်ဝင်လာတော့သည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now