🍯 (၁)

3K 154 14
                                    


Unicode

"သူတောင်းစား!"

"ခင်ဗျာ?"

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကျွန်တော့်တစ်ကိုယ်လုံးတုန်တက်သွားသည်။လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဘေး..မဟုတ်သေး၊ကျွန်တော့်အနောက်လို့ပြောရင်ပိုမှန်မည်။ဘာလို့ဆို ကျွန်တော်ထိုင်နေတာက လုံးပတ်ကြီးကြီးနဲ့သစ်ပင်ကြီးကိုမှ ဝိုင်းပတ်ရိုက်ထားတဲ့သစ်သားကွပ်ပျစ်ပေါ်မှာ။ကျွန်တော်စရောက်ကတည်းကဆို နာရီဝက်နီးပါးရှိပြီ။ဘယ်သူမှမရှိ၊ကျွန်တော်တစ်ယောက်တည်း။အဲ့တာမို့လည်း လွတ်လွတ်လပ်လပ်အသံထွက်ဆဲရေးမိလိုက်တာ။ဘယ်သူမှမရှိလောက်ဘူးအထင်နဲ့ အသံထွက်ဆဲရေးမိခြင်းရဲ့ရလာဒ်က ဘယ်တုန်းကကျွန်တော့်နောက်ဖက်မကျတကျမှာ ဝင်ထိုင်နေမှန်းမသိတဲ့ကောင်ကလေးက အံဩတကြီးအမူအရာဖြင့် မေးခွန်းထုတ်ခံရခြင်းပင်။မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကျွန်တော့်ကိုကြည့်နေတဲ့ကောင်လေးက ဒီတဝိုက်မှာတခါမှမမြင်ဖူးတဲ့မျက်နှာစိမ်း။

"အာ..မဟုတ်ဘူး၊ ကျွန်တော်ဖာသာပြောနေတာ မင်းကိုပြောတာမဟုတ်ဘူး"

"ဩော် တော်ပါသေးရဲ့"

ကောင်ကလေးက စိတ်သက်ရာရသွားသလိုအမူအရာနဲ့ သူ့ရင်ဘက်ကိုလက်နဲ့ဖိကာ သက်ပြင်းချရင်း ကျွန်တော့်ကိုရယ်ပြသည်။မပြေးသော်လည်းကန်ရာရှိမို့ ကျွန်တော်ကလည်း အီလည်လည်အနေအထားနဲ့ သွားဖြီးပြလိုက်ရသည်။

"ဟီး..."
ဒီနေ့ကပြဿဒါးပဲ။မနက်ကတည်းက အိမ်ကဖြောင့်ဖြောင့်မထွက်ရ။အမေ့ရဲ့'ငါကကျွန်မကြီး'တရားကို တစ်နာရီလောက်နာရသည်။ပြီးတော့ ဘယ်ဆီနေမှန်းမသိသေးတဲ့ ယောက္ခမနဲ့ချီပြီး အိမ်ထောင်ကျရင်ဘယ်သို့ဘယ်ချမ်းသာဆိုပြီး ဒုတိယပိုင်းတရားဆက်သည်။တကယ်ဆိုရင် သူ့သားက ယောက္ခမရဖို့နေနေသာသာ၊ ရည်းစားတောင်ရှိတာမဟုတ်ဘူး။ရည်းစားစထားလို့ရလောက်တဲ့အလယ်တန်းကနေ ခုတက္ကသိုလ်ကျောင်သားအရွယ် လူပျိူဖားဖားဖြစ်တဲ့အချိန်ထိ စုံတွဲဆိုလို့တူပဲကိုင်ဖူးတာ။ကျွန်တော်တို့လမ်း၊ကျွန်တော်တို့ရပ်ကွက်၊ကျွန်တော်တို့မြို့ကျဥ်းကျဥ်းလေး၊ ကုန်ကုန်ပြောရရင် ကျွန်တော်တက္ကသိုလ်သွားတက်ရတဲ့ ဟိုဖက်မြို့အထိ ကြုံရသမျှဘယ်မိန်းကလေးကမှကျွန်တော့်ကို သက်တူရွယ်တူကြိုက်ချင်စရာကောင်လေးရယ်လို့မြင်တာမဟုတ်ဘူး။ဒါတွေပြောရင် ဒေါတွေပါပြီး မျက်ရည်တောင်လည်ချင်ချင်ရယ်။မိန်းကလေးငါးယောက်တွေ့ရင် သုံးယောက်နဲ့က ပြောမနာဆိုမနာတွေဖြစ်ပြီး နှစ်ယောက်လောက်က သူတို့အမေမွေးထားတဲ့ အထွေးဆုံးသားလေးလိုမျိူး ကယုကယင်လာလုပ်ပြီး မောင်နှမဇုန်ထဲသွင်းပစ်ခံရတာမျိူး။ကျွန်တော်ကအဲ့လိုဆော်ကွင်းဂမုန်းလေးရယ်။အဲ..အဲ့လိုတွေပြောနေလို့ ကျွန်တော်က ရုပ်ဆိုးဆိုးအချာပင်လေးရယ်လို့တွေးမသွားစေချင်ဘူး။ကျွန်တော်လည်း ဆွဲဆောင်မှုရှိပြီး အင်မတန်ကြည့်ကောင်းတဲ့အမျိူးသားတစ်ယောက်ပဲ။ဒါပေမဲ့ အဲ့တာက...

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now