🍯 (၅၀)

356 68 6
                                    

Unicode

“ယွင်ရှီး  ယွင်ရှီး ရှေ့ကကောင်လေးကမိုက်လိုက်တာနော် ဟီးဟီး..”

အန်နာက ကျွန်တော့်လက်မောင်းကိုကုတ်ရင်းအနားကပ်ကာ ခပ်တိုးတိုးပြော၏။သူပြောတဲ့လူကို လှမ်းကြည့်လိုက်တော့ တခြားလူမဟုတ်ဘူး။ကောင်ကလေး။ပြောလိုက်ရင်ကောင်းမလားတွေးမိပေမဲ့ ခဏနေသိတော့မှာမို့ အင်းလို့ပဲအလိုက်သင့်ပြန်ပြောလိုက်သည်။

“ဟဲ့....ဟဲ့...အန်နာတို့ဆီလာနေပြီ”

ကောင်ကလေးကကျွန်တော့်ကို မြင်သွားတယ်ဆို ရပ်နေတဲ့နေရာကနေ ကျွန်တော်တို့ဆီလျှောက်လာသည်။

“အစ်ကို နည်းနည်းနောက်ကျတယ်နော်”

လက်ကနာရီကိုကြည့်ရင်း ဆူပွပွလေသံနဲ့ပြော၏။ကျွန်တော်ကသူ့ကို ရုံးဆင်းချိန်ငါးနာရီလို့ပြောထားဖူးတာကို။

“အင်း..ဟုတ်တယ်။ဌာနမှူးကို လက်ဖက်ခြောက်ခတ်နေလို့”

ကျွန်တော်ကရယ်ကျဲကျဲနဲ့ပြောလိုက်ပြီးမှ ဘေးကအန်နာ့ကိုသတိရသြားပြီး စောင်းကြည့်လိုက်တော့ ကျွန်တော်ကိုတလှည့် ကောင်ကလေးကိုတလှည့် ကြည့်ရင်း  လက်ရှိအခြေအနေကို နားမလည်သည့်ပုံနဲ့ အူကြောင်ကြောင်ဖြစ်နေလေသည်။

“ဩော်..ဒါကအန်နာယွီတဲ့။ငါတို့ဌာနက စီနီယာ။ငါ့ကိုအများကြီးကူညီပေးတဲ့သူ”

“ဟုတ် တွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်က အစ်ကို့ချစ်သူချန်ဖေးယွီပါ”

“ရှင်!”

အန်နာက အာမေဋိတ်သံကျယ်ကျယ်နဲ့ ကျွန်တော့်ကို မျက်လုံးအဝိုင်းသားကြည့်လာသည်။
အေးပေါ့လေ...ယောကျာ်းလေးအချင်းချင်းတွဲတယ်ဆိုတာက ဘယ်လောက်ပဲလက်ခံပါတယ်ဆိုဆို အာရှအတွက်ထင်သလောက်မှ မရိုးရှင်းတာ။

“တကယ်ကြီး ယွင်ရှီး ယွင်ရှီးရဲ့ကောင်လေးလား။အား...ဒါမျိူးရည်းစားဘယ်နားက ရှာထားတာလဲ။နေရာနဲ့လိပ်စာအတိအကျပြောစမ်း!...အန်နာလည်းသွားရှာမလို့”

မျှော်လင့်ထားသလိုမဟုတ်တဲ့အန်နာ့စကားတွေကြောင့် တဒင်္ဂတော့ပါးစပ်အဟောင်းသားဖြစ်သွားသည်။ကောင်ကလေးပုံစံကလည်း အန်နာ့ကိုထူးဆန်းလှချည်လားဟလို့တွေးနေတဲ့ပုံပဲ။
နောက်တော့မှ အန်နာနဲ့အတူတဟားဟားလိုက်ရယ်ရင်း ဟန်ကိုယ်ဖို့လိုက်ရသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now