🍯 (၁၀)

534 109 19
                                    

Unicode

မနက်အိပ်ရာနိုးတော့ ရှစ်နာရီထိုးနှင့်ပြီးပြီ။လုပ်စရာရှိတဲ့အလုပ်တွေကို မြန်မြန်လုပ်ပြီး အကုန်လက်စသတ်တော့ ကိုးနာရီခွဲဖို့ ငါးမိနစ်သာလိုတော့သည်။ရာသီဥတုကညပိုင်းမှာအေးစိမ့်စိမ့်နိူင်သလောက် မနက်ခင်းတလျှောက်ကနေညနေအစောပိုင်းလောက်အထိကတော့ အိုက်စပ်စပ်ဖြစ်နေတတ်၏။ရေချိူးခန်းထဲမှာတင် နာရီဝက်တစ်နာရီနီးပါးလောက် အေးအေးဆေးဆေးရေချိူးရင်းခေါင်းပါလျှော်ပစ်လိုက်သည်။အိုင်ရင်းမကသူ့အဒေါ်တွေလာလည်မှာမို့ ဒီရက်ပိုင်းအိမ်မလာဖြစ်ဘူးလို့ ညကတော့စာပို့ထားသည်။ဒါလည်းကောင်းသည်။ရာသီဥတုကပူပူနဲ့ရောက်လာရင် ကပေါက်တိကပေါက်ရှာ၊ဘေးကြပ်နံကြပ်မေးခွန်းတွေလျှောက်မေးနေရင် ခက်မည်။
အခန်းထဲဝင် ပေါ့ပေါ့ပါးပါးတီရှပ်တစ်ထည်ရယ်၊ short pantsရယ်နဲ့ထုတ်ဝတ်ပြီး ဆံပင်အခြောက်ခံဖို့ dryerယူလိုက်သည်။နေသာလေလာရှိပြီး အိပ်ရေးဝဝနိုးလာတဲ့နေ့မို့ သီချင်းနားထောင်ချင်စိတ်လေးတောင်ဝင်လာသည်။ခေါင်းကိုရေစစ်အောင် ပုဝါနဲ့ခဏလောက်သုတ်ပြီး ရေစက်တွေမကျလောက်တော့မှ airpodsကိုနားထဲထည့်လိုက်သည်။အသံကိုဂိတ်ဆုံးမရောက်တရောက်အထိမြှင့်လိုက်ပြီး သီချင်းဖွင့်လိုက်သည်။လှိုင်းသံလိုလို၊လေတိုးသံလိုလိုက နားထံကိုစီးဝင်လာသည်။ပြီးတော့ ဂစ်တာသံပုံမှန်လေး၊တဖြည်းဖြည်းနဲ့ musicသံကပိုမြင့်လာသည်။introပိုင်းကို  ခပ်တိုးတိုးလေးအဆိုတော်နဲ့အတူလိုက်ညည်းရင်း ခြေထောက်တွေရော၊ခန္ဓာကိုယ်ကိုပါ အလိုက်သင့်စည်းချက်ချ  စီးမြောနေရင်း၊ တစ်ဖက်ကလည်း ဆံပင်ကိုလေမှုတ်မပြတ်။မစိုမခြောက်ဆံပင်တွေက အချောင်းလိုက် ဟိုတစ်ချောင်း၊ဒီတစ်ချောင်း နဖူးပေါ်ကပိုကရိုကျနေသည်။ရေဓာတ်ပြည့်ဝနေတဲ့ ကြည်ကြည်စင်စင်မျက်နှာကလည်း ကိုယ်တပိုင်းပေါ်မှန်ထဲမှာ အင်မတန်ခန့်ညားနေသည်။သီချင်းကတဖြည်းဖြည်းနဲ့ verseအပိုဒ်ကိုကျော်လွန်ပြီး chorusပိုင်းကိုရောက်လာတော့ dryerကို မိုက်ခရိုဖုန်းလိုလုပ်ပြီး နှုတ်ကနေ အဆိုတော်နဲ့အတူ သံပြိုင်လိုက်ဆိုလိုက်သည်။

“Seasons change and our love went cold. . .
Feed  the flame 'cause we can't let go. . .
Run away, but we're running in circles....
Run away, run away...
I dare you to do something....
I'm  waiting on you again, so I don't take the! ”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now