🍯 (၃၀)

344 69 3
                                    

Unicode

အခြောက်ခံစက်ထဲကအဝတ်တွေကိုထုတ်ပြီးနောက်မှာတော့ တနေ့တာတာဝန်ပြီးဆုံးသွားပြီမို့ ခါးကြောဆန့်ရင်းဝှါးကနဲသန်းပစ်လိုက်သည်။

အရှုပ်ထုပ်နှစ်ကောင်လာမရှုပ်တုန်း နေ့လည်နေ့ခင်းတရေးတမောအိပ်ဦးမှ။

ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်သွားပြီး ဧည့်ခန်းဘက်ဆီလျှောက်လာတုန်းမှာ  အိမ်ရှေ့တံခါးဝမှာပြုံးပြုံးကြီးရပ်ကြည့်နေတဲ့သူကြောင့် ရင်ထဲမှာဒိန်းကနဲဖြစ်သွားသည်။

“သားရေ..ဒီမှာကလေးကလာ..”

“လာပြီ..လာပြီ၊သားအလုပ်အားပြီ။အခန်းထဲခေါ်သွားလိုက်မယ်”

သူနဲ့အတူရပ်နေတဲ့မေမေကနောက်လှည့်ကြည့်ရင်းစကားပြောမယ့်ဟန်ပြင်တာမို့  သူ့လက်ကောက်ဝတ်ကိုဆွဲပြီး စကားဖြတ်ကာထွက်လာလိုက်သည်။သူ့ကိုအခန်းထဲသွင်း၊ဘေးဘီကိုကြည့်ပြီးမှ တံခါးလော့ချလိုက်ပြီး သူ့ဘက်ကိုပြန်အလှည့်မှာပဲ လူကနံရံဆီအကပ်ခံလိုက်ရသည်။
အပေါ်နူတ်ခမ်းကို ပြင်းပြင်းပြပြစုပ်ဆွဲခံလိုက်ရပြီးနောက်မှာ အောက်နူတ်ခမ်းပါစုပ်ယူခံရပြန်သည်။ခဏကြာမှ ငြိမ်သက်သွားကာ ကျွန်တော့်ပါးရိုးပေါ်ကတဆင့် ဆင်းသက်သွားပြီး လည်ပင်းဆီမှာမျက်နှာအပ်ကာ

“အရမ်းလွမ်းနေတာ”ဟု ဗလုံးဗထွေးနဲ့ပြော၏။ရုတ်တရက်အခြေအနေမို့ လူကကြောင်အနေပြီး တောင့်တောင့်ကြီးပဲရပ်နေမိသည်။မတွေ့ဖြစ်တာငါးရက်ပဲရှိသေးတာလေ။အဲ့လောက်ကြီးဖြစ်ပြဖို့လိုလို့လား။

“ခဏလွှတ်ဦး ”

ခပ်ဖျော့ဖျော့ထွက်လာတဲ့ကိုယ့်အသံကြောင့် ကိုယ်ဘာသာပြန်ရှက်မိသည်။
ဒါပေမဲ့သေချာတွေးကြည့်ရင် ရှက်စရာကိစ္စတော့မဟုတ်။ဒါသဘာဝပဲဟာကို။
ကျွန်တော်ကတခါမှမနမ်းဖူးဘူး။အဲ့တာမို့ ကောင်ကလေးနမ်းလိုက်တိုင်း ဒူးတွေခွေကျပြီး အားပြတ်သွားသလိုဖြစ်တတ်သည်။ဒါပေမဲ့ခုဟာကအရင်တခါထက်ပိုပြီး...

“မင်းဘာလုပ်တာလဲ။ခုချပေး”

အတွေးမဆုံးလိုက်ချေ။ကျွန်တော်ခန္ဓာကိုယ်ကလေထဲကိုစွေ့ကနဲမြောက်သွားသည်။ရုတ်တရက်မို့ သူ့ပုခုံးကိုကိုင်ထောက်ရင်း အသံကိုကြိတ်ကာပြောလိုက်သည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now