🍯 (၄၇)

302 69 2
                                    

Unicode

“ယွင်ရှီး  မနေ့ကcustomer complainကို ဒီနေ့ဖြေရှင်းပေးဖို့ပြောထားတာ လုပ်ပြီးပြီလား”

“ဟုတ် စီနီယာ မနက်ကတင်အကြောင်းပြန်ပြီးပါပြီ”

“ဟုတ်ပြီ။ အဲ့တာဆိုရင်တော့ ဒီနှစ်ရဲ့နောက်ဆုံးရုံးတက်ရက်မှာ customerတွေနဲ့ပတ်သက်တာ မရှိတော့ဘူးနော်”

“ဟုတ် စီနီယာ။မနက်ကဖြေရှင်းပေးလိုက်တဲ့ customerက နောက်ဆုံးပါ”

“ဟုတ်ပြီ..ဟုတ်ပြီ။အဲ့တာဆို ဌာနမှူးကို အချောသတ်မေးလ်ပို့လိုက်တော့”

“ခုမှနေ့လယ်သုံးနာရီပဲ ရှိသေးတာလေ စီနီယာရဲ့”

ပုံမှန်ဆို daily mailတွေကို ညနေလေးနာရီခွဲမှပို့နေကြဖြစ်တာမို့ စီနီယာကိုသတိပေးသလိုပြောလိုက်တော့ စီနီယာကသူသိပါတယ်ဆိုတဲ့အပြုံးနဲ့ ကျွန်တော့်ကိုကြည့်လာသည်။

“မစ္စတာလော် ဒီနေ့ကဒီနှစ်အတွက်နောက်ဆုံးရုံးတက်ရက်မှန်း ရှင်သိသေးပါတယ်နော်..”

“ဟုတ်”

“ဒီနားခဏလာခဲ့..”

စီနီယာကဘေးဘီကိုမျက်လုံးကစားကြည့်လိုက်ပြီး အသံတိုးတိုးနဲ့လက်ယက်ခေါ်တာမို့ ဆုံလည်ခုံကိုစီနီယာ့ဘက်ကို နည်းနည်းတွန်းရွှေ့ပြီး  သွားလိုက်သည်။

“မနက်ကဌာနမှူးအခန်းထဲကိုသွားရင်း ကြားလာတာ။ဒီညpartyလုပ်ပေးမယ်ဆိုလား...အဲ့တာမို့ အလုပ်တွေစောစောဖြတ်ခိုင်းထားတာ”

“အဲ့တာဆိုကျွန်တော်တို့..”

“ရှူး...တိုးတိုးပြော..အန်နာကြားသွားဦးမယ်။ဌာနမှူးက တိတိကျကျပြောသေးတာမဟုတ်ဘူး။သူကအော်ကျယ်အော်ကျယ်လျှောက်ပြော
နေလို့ ဟိုကပြန်ကြားသွားရင်မကောင်းဘူး ”

စီနီယာက ဟိုဘက်ကအဖွဲ့နဲ့စကားလက်ဆုံကျနေတဲ့ အန်နာကို မျက်လုံးဝင့်ပြရင်း ခပ်တိုးတိုးလေးပြော၏။

အန်နာကလူမှုဆက်ဆံရေးပြေပြစ်ပြီး လူချစ်လူခင်ပေါတာမို့  ကျွန်တော်တို့ဌာနတင်မဟုတ်ဘူး၊တခြားဌာနကလူတွေနဲ့ပါ ရင်းရင်းနှီးနှီးရှိသည်။ Companyတစ်ခုထဲမှာ အတူလုပ်နေကြတယ်ဆိုပေမဲ့ ဌာနတစ်ခုနဲ့တစ်ခု လုပ်ငန်းနဲ့ပတ်သက်လို့ ဆက်ဆံရတဲ့အခါတွေမှာတော့ အဆင်မပြေမှုတွေရှိတတ်သည်။အဲ့အခြေအနေမျိူးတွေမှာတော့ အန်နာဟာသံတမန်ပဲ။အန်နာ့ကိုသာလက်လွှဲလိုက်၊ လုပ်ငန်းစဥ်ကလွယ်လွယ်ကူကူပြီးမြောက်တာချည်းပဲ။အဲ့တာမို့လည်း အန်နာကဌာနရဲ့အချစ်တော်လေးဖြစ်နေတာ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now