🍯 (၄၂)

322 69 22
                                    

Unicode

"ယွင်ရှီးရေ...ခုထိထမင်းမစားသေးဘူးလား။ဘယ်နှစ်နာရီရှိပြီလဲ...အခန်းထဲကကို မထွက်တော့ဘူး"

မေမေကအခန်းတံခါးကိုခေါက်ရင်း လေသံမာမာနဲ့ပြောမှပဲ ထိုင်နေရာကထဖြစ်သည်။တမနက်ခင်းလုံး ထိုင်နေတာမို့ ရုတ်တရက်ထလိုက်တယ်ဆိုရင်ပဲ ခြေထောက်ကကျဥ်သွားသလို ခေါင်းကလည်းမိုက်ကနဲဖြစ်သွားသည်။

"သား မဆာသေးလို့ပါမေမေရ...ပြီးမှစားမယ်နော်"

အခန်းတံခါးကိုခေါင်းတစ်လုံးထွက်စာမျှ ဟပြီး မေမေ့ကိုခပ်ချွဲချွဲပြောလိုက်မှာ တင်းထားတဲ့မျက်နှာက နည်းနည်းလျော့သွားပြီး မျက်စောင်းထိုးရင်းပြောလာတာက

"တကတည်း ဘာအရှုပ်တွေလုပ်နေမှန်းမသိဘူး"တဲ့။

အရှုပ်တွေမဟုတ်ပါဘူး၊အချစ်တွေပါမေမေရဲ့..ဆိုတဲ့စကားကိုတော့ စိတ်ထဲကပဲပြောလိုက်ပြီး အပြင်မှာတော့သွားဖြီးပြီး တဟီးဟီးသာ ရယ်ပြလိုက်သည်။မေမေပြန်ထွက်သွားတော့မှ ခုတင်ပေါ်ပြန်လာပြီး လုပ်လက်စအလုပ်ကိုဆက်လုပ်ရတော့သည်။

ဒီဇာတ်လမ်းရဲ့အစကတော့ ကျွန်တော်တို့ခြောက်လပြည့်လို့ပြောရင် အတိအကျကိုမှန်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ကကောင်ကလေးကဖုန်းဆက်ရင်း သူလာမယ့်အချိန်ကိုပြောမှ သူ့ကိုအမှတ်တရလက်ဆောင်တစ်ခုခုပေးရင် ကောင်းမလားတွေးမိသွားတာ။တွေးမိတယ်ဆို အိုင်ရင်းကိုလှမ်းမေးတော့ တွေးရုံပဲလား၊အဲ့တာပေးကိုပေးသင့်တာပေါ့ဟဆိုမှ ဘာကိုဘယ်လိုပေးရမှန်းမသိနဲ့ တော်တော်တိုင်ပတ်သွားသေးတာ။ရည်းစားကောင်လေးတွေကို ပေးသင့်တဲ့လက်ဆောင်တွေဆိုပြီး အင်တာနက်မှာ ရိုက်ရှာကြည့်ပေမဲ့ အဲ့တာတွေတစ်ခုကိုမှ ကျွန်တော်ကမပေးချင်။နောက်ဆုံးအိုင်ရင်းသိုးမွှေးထိုးတာသတိရသွားပြီး ဆောင်းတွင်းဆိုတော့ သိုးမွှေးထည်ထိုးပေးရင်ကောင်းမလားဆိုပြီးအတွေးရသွားလို့ အိုင်ရင်းကိုပဲထပ်မေးကြည့်တော့ နင်အဆင်ပြေရင်လုပ်တဲ့။တော်တော်တော့လက်ဝင်တယ်နော်တဲ့။youtubeမှာကြည့်ရသလောက်ကတော့ အရမ်းမခက်ဘူးထင်လို့ စထိုးမယ့်သူတွေအတွက် အလွယ်နည်းဆိုတာတွေကို ကြည့်ပြီး အခြေခံအရင်သင်ကြည့်လိုက်တယ်။chainဆိုတာမှာတင် တော်တော်ထိုးယူရတယ်။မိန်းကလေးတွေဆံကျစ်သလိုဆိုပေးမယ့် တစ်ခုနဲ့တစ်ခုညီညီလေးလုပ်ရတော့ လွယ်မလိုလိုနဲ့အသေခက်တာ။
single crochet, double crochetဆိုတာတွေတင် တစ်ပတ်လောက်ကျင့်ယူရတယ်။အဲ့မှာတင် ကျွန်တော်လက်လျှော့လိုက်ဖို့တွေးမိတာ ခဏခဏပဲ။ကောင်ကလေးမျက်နှာမြင်လာတော့လည်း မလုပ်ဖြစ်ပါဘူး။ကျွန်တော်ထိုးထားတဲ့ cardiganကိုဝတ်ထားမယ့်သူ့ကို မြင်ချင်တာကိုး။အဲ့တော့စိတ်ဓာတ်ကျရင်ပိုဖိလုပ်လိုက်တယ်။ဒီတစ်ပတ်ကတော့ cardiganစထိုးဖြစ်တယ်။ပန်းထိမ်မတတ်ဘဲရွှေခိုးသင်တယ်ဆိုဆို ကျွန်တော်ကသေးသေးမွှားမွှားလေးလည်း မလုပ်ချင်ဘူး။cardiganမှ cardiganတပြားမလျော့ဘူး။စစချင်းကတော့ လုပ်လိုက်ဖျက်လိုက်၊အစကပြန်စလိုက်နဲ့ ငိုတောင်ငိုမိတယ်။ခုတော့တော်တော်ကိုရုပ်လုံးပေါ်နေပါပြီ။ဒီနေ့တစ်နေ့လုံးရယ်၊ဒီညရယ်၊ထိုးလိုက်ရင်တော့ ပြီးလောက်မှာပါ။
-
-
-
-
ကျွန်တော့်အထင်နဲ့လက်တွေ့ကပါစင်အောင်လွဲပါတော့တယ်။ဘာလို့ဆို ညကသိုးမွှေးထိုးလက်စနဲ့ မနက်၂နာရီလောက်မှာ အိပ်ပျော်သြားလို့လေ။ကိုယ့်ကိုယ်ကိုယ်တောင် အိပ်လို့အိပ်သွားမှန်းမသိဘူး။အိပ်မက်ထဲမှာပါ သိုးမွှေးတွေရှယ်ထိုးနေတာ။အဲ့တော့နိူးလာမှ ကမြန်းကတမ်းထိုးလိုက်တာ နေ့လည်၂နာရီမှပဲ တစ်ထည်လုံးကို လက်စသတ်နိူင်တော့တယ်။အင်္ကျီပြီးတယ်ဆို ဝယ်ထားတဲ့လက်ဆောင်ဘူးလေးထဲကိုထည့်၊ဖဲကြိုးစည်းပြီး လက်ဆွဲစက္ကူအိတ်လှလှလေးထဲကိုထည့်ပြီးမှပဲ သက်ပြင်းချနိူင်တော့တယ်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now