🍯 (၃)

654 124 3
                                    

Unicode

“ဟော... အစ်ကို”

“ဩော်..မင်း”

တိုက်တိုက်ဆိုင်ဆိုင်လမ်းထိပ်စတိုးမှာ ဆုံပြန်တဲ့နောက်တစ်ခါ။သူ့နှစ်ပြန်စာလောက်ပိုကြီးတဲ့hoodieပွပွကြီးရယ်၊အိတ်တွေပါတဲ့ cargo pantsဆန်ဆန်ဘောင်းဘီပွပွရယ် ဝတ်ဆင်ထားတဲ့ကောင်ကလေးက ညခုနှစ်နာရီဝန်းကျင်လောက်မှာ နက်နက်စွေးစွေးနိူင်လှသည်။အရင်တစ်ခါတုန်းကလည်း ခုလိုပုံစံမျိူးပဲ။အပေါ်ကတီရှပ်နဲ့hoodieပဲ ကွဲသွားတာ။အဲ့တုန်းကတော့ ကာကီရောင်ဘောင်းဘီ။ခုလည်းထပ်အောက်ဆင်တူအနက်ရောင်ဝတ်ထားပြီး hoodieခေါင်းစွပ်ကိုပါ စွပ်ထားတာမို့ idolတွေလေဆိပ်ဆင်းဖက်ရှင်လိုလို ဘာလိုလို။တော်တော်လေးကြည့်ကောင်းနေတာကငြင်းမရ။ဒါမျိူးအဆင်အယင်ကတော့ လော်ယွင်ရှီးနဲ့ရေစက်မပါချေ။တစ်ဦးတည်းသောမိခင်က ဆင်သမျှအဖြူတွေချည့်ပဲ။သူ့သားစည်းကမ်းရှိလေးက ဘယ်လောက်ညစ်ပတ်ပါစေဦးတော့ ဆူဆူပြောပြောနဲ့ကုိ ဖွတ်လျှော်ပေးပြီးဆင်တာ။ကျွန်တော့်မှာရှိသမျှ အဝတ်ရဲ့သုံးပုံနှစ်ပုံက လက်ညိုးမလွှဲအဖြူတွေသာ။ကျန်တာကလည်း သစ်သစ်လွင်လွင်အရောင်တွေပဲ။အရောင်မွဲတာတွေကို ငယ်ငယ်ကတည်းကမဆင်တာမို့ ကျွန်တော်ကလည်း ခပ်မှိုင်းမှိုင်းတွေကို မကြိုက်ဖြစ်။တခါသား စိတ်ကူးပေါက်ပြီး all blackလေးဝတ်မိတာကို ရှိုးလုပ်လို့ဆိုပြီး ပြောမပြီးတော့။ဒီကောင်ကလေးလိုသာဝတ်မိရင် ငါးညအိပ်ခြောက်ရက်ခရီးလောက် ဆူလိုက်မယ့်ဖြစ်ခြင်း။

“မုန့်လာဝယ်တာလား ”

“မဟုတ်ဘူး၊ ဆပ်ပြာလာဝယ်တာ ”

“ဩော် ”

ဘာမှတော့ဆက်မမေး။ မုန့်စင်တန်းဖက်ကမုန့်တွေကို ဟိုဟာကိုင်ကြည့်လိုက်၊ဒီဟာကိုင်ကြည့်လိုက်လုပ်နေတဲ့ကောင်ကလေးက ကျွန်တော့်လိုအမေခိုင်းတာလာဝယ်တဲ့ပုံတော့ မပေါ်။ဘာမှဆက်မပြောဖြစ်တာမို့ ကျွန်တော်လည်း ဆပ်ပြာတွေ၊ရှန်ပူတွေထားတဲ့ဘက်ကို လာကာ မေမေမှာလိုက်တဲ့တံဆိပ်ကိုသာ ရှာနေလိုက်သည်။အဝတ်လျှော်ဆပ်ပြာက နှင်းဆီနဲ့ချယ်ရီအနံ့သာတွေ့တာမို့ အနောက်မှာရှိလို့ရှိငြား ကုန်းရှာရပြန်သည်။တွေ့တာယူသွားလို့လည်း မဖြစ်။ဇီဇာမေမေက လာဗင်ဒါမှလာဗင်ဒါမှာလိုက်တာမို့။ရှေ့ကအထုပ်တွေကို လက်နဲ့ထိန်းဖယ်ရှာရင်းကနေ စင်အနောက်ဖက်ရောက်လုရောက်ခင်မှာတော့ ကြားမှာညှပ်နေတဲ့တစ်ထုပ်တည်းသော လာဗင်ဒါရနံ့ကိုတွေ့သွားတာမို့ သက်ပြင်းချမိသည်။မဟုတ်ရင် နောက်တစ်ဆိုင်ပြေးရဦးမှာ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now