🍯 (၄၃)

307 70 15
                                    

Unicode

ကောင်ကလေးနဲ့အဆက်အသွယ်မရတာ နှစ်ရက်ရှိပြီ။ပထမနေ့ကတော့မေ့မေ့ပျောက်ပျောက်ပဲ။သူမအားလို့ မဆက်တာပဲ ထင်ထားတာ။ဒီနေ့က သူမပြန်ခင်လျှောက်လည်ကြမယ်လို့ပြောထားတာမို့ စာပို့တော့လည်း အကြောင်းမပြန်။ဖုန်းခေါ်ကြည့်တော့လည်း စက်ပိတ်ထားသည်။ကောင်ကလေးကတခါမှ ခုလိုအကြာကြီး စက်မပိတ်ဖူးဘူး။နေ့လယ်ဆယ့်နှစ်နာရီလောက်အထိ စောင့်ကြည့်သည်။အကြောင်းမထူး။

သူတို့အိမ်သွားသင့်လား။ပထမတစ်ခါတော့ အဆင်ပြေတယ်။ခုသွားသင့်လား။

ချီတုံချတုံဖြစ်မနေတော့ဘဲ ကောင်ကလေးတို့အိမ်ဘက်ကို ထွက်လာလိုက်သည်။အရင်တခါတုန်းကလိုပဲ ဘဲလ်တီးလိုက်ပေမဲ့ ဒီတစ်ခါတော့တော်တော်ကြာတဲ့အထိ တံခါးလာမဖွင့်။

“ဟို ချန်ဖေးယွီရှိလား..”

ဒီတခါ တံခါးလာဖွင့်ပေးတာက အရင်တခါကအန်တီတော့မဟုတ်ဘူး။အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်။

“ဟို ရှိ..”

“ဘယ်သူလဲ အားချင့်၊ ဩော်..မင်းပဲ။တံခါးဖွင့်ပေးလိုက်လေ..”

ကောင်မလေးက စကားအထစ်ထစ်နဲ့ဖြစ်နေတုန်းမှာပဲ အနောက်ကအမျိူးသမီးတစ်ယောက်ကရောက်လာပြီး ဝင်ပြောလိုက်ခြင်းဖြစ်သည်။
ကောင်ကလေးနဲ့ခပ်ဆင်ဆင်တူပြီးကျက်သရေရှိပြီးလှတဲ့ဒီအမျိူးသမီးက သူ့အမေပဲထင်၏။သဘောဆိုးမယ်ထင်ထားတာ၊ အဲ့လောက်လည်း မဟုတ်ပါဘူး။

“ချန်ဖေးယွီကို ဆက်သွယ်မရလို့ပါ”

“သူအလုပ်တစ်ခုကို ဆုံးဖြတ်ချက်ချနေရလို့ စက်ပိတ်ထားတာနေမယ်။အပေါ်ထပ်ကသူ့အခန်းကို သိတယ်မလား။ တက်သြားလို့ရတယ်”

ကောင်ကလေးအမေကပြောပြီးတယ်ဆို ပန်းပင်တွေဘက်ကို ထွက်သွားသည်။စောနကကောင်မလေးကလည်း  အိမ်ထဲကိုပြန်ဝင်သွားတာမို့ သူ့နောက်ကနေလိုက်သွားလိုက်သည်။
အိမ်ထဲရောက်တော့ ကောင်မလေးက မီးဖိုခန်းဘက်ကိုဝင်သွားပြီး ကျွန်တော်ကတော့ အပေါ်ထပ်ကိုတက်လာလိုက်သည်။အိမ်ကြီးကအရမ်းကြီးလွန်းလို့လားမသိဘူး။အမြဲတစေတိတ်ဆိတ်နေတတ်ပြီး ပျင်းစရာကြီး။
-
-
-
တံခါးကိုခေါက်မယ်ပြင်ပြီးမှ တခါကအသံလုံခန်းလို့်ပြောဖူးတာကို သတိသွားရသည်။အဲ့တုန်းကသူလာဖွင့်တာက အခန်းတံခါးကို စေ့ရုံစေ့ထားလို့တဲ့လေ။တံခါးဘေးကဘဲလ်ကိုပဲ တီးလိုက်တော့ မိနစ်ဝက်အတွင်းပဲ တံခါးပွင့်လာသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now