🍯 (၅၂)

355 64 3
                                    

Unicode

“ယွင်ရှီး..ယွင်ရှီး အန်နာလုပ်နိူင်ပါ့မလား...ခုထိအိပ်မက်ကြီးလိုပဲ။အန်နာလုပ်နိူင်မှာပါနော်..”

“အင်း..အန်နာလုပ်နိူင်မှာပါ။အန်နာကဒီအလုပ်နဲ့ထိုက်တန်လို ဒီလိုလုပ်ခွင့်ရတာလေ။အရမ်းစိတ်လှုပ်ရှားမနေဘဲ သက်တောင့်သက်သာလုပ်လိုက်ရင်ကိုဖြစ်တယ်”

“အား...ယွင်ရှီး ယွင်ရှီးက တကယ့် healing angel လေးပဲ။အဲ့တာဆို အန်နာ ဌာနမှူးဆီ ခဏသွားလိုက်ဦးမယ်နော်..”

အန်နာကပြောပြီးတယ်ဆို စိတ်လှုပ်ရှားနေသည့်ပုံနဲ့ခုန်ဆွခုန်ဆွလုပ်ရင်း ဌာနမှူးရုံးခန်းထဲကိုဝင်သွားသည်။ကျွန်တော်လည်းလုပ်စရာထွေထွေထူးထူးမရှိသေးတာမို့ ခေါင်မိုးထပ်ကို ခဏတက်လာလိုက်သည်။

အမိုးအကာဟင်းလင်းပြင်နဲ့ခေါင်မိုးထပ်ပေါ်မှာက လေပြင်းတွေခပ်ကြမ်းကြမ်းတိုးတိုက်နေတော့ ဆံပင်တွေရော၊အင်္ကျီရော အကာအကွယ်မဲ့စွာ ဖရုိဖရဲလှုပ်ရှားကုန်သည်။မကြည်လင်ညစ်နွမ်းနေတဲ့စိတ်တွေလည်း ဒီလေကြမ်းတွေနဲ့အတူ ပါသွားရင်ဘယ်လောက်ကောင်းလိုက်မလဲ။

တမနက်လုံးအန်နာ့ကိုဂုဏ်ပြုသံတွေကြားမှာ ဘာမှမဖြစ်သလိုဟန်ဆောင်ဖုံးကွယ်ခဲ့ရတာတွေက ဒီနေရာရောက်မှပဲ နည်းနည်းနေသာထိုင်သာရှိသွားသည်။
အန်နာပြောင်းသွားရတဲ့ဌာနက ဒီအလုပ်ကိုကျွန်တော်စလျှောက်ကတည်းက မက်မက်မောမောအိပ်မက်မက်ခဲ့ရတဲ့နေရာ။ဌာနအတွက်လူသစ်မလိုသေးလို့ တခြားဌာနမှာ အလုပ်သင်အနေနဲ့ ခဏနေပေးပါဆိုတဲ့မေတ္တာရပ်ခံချက်နဲ့အတူ မိန်းကလေးတွေပိုများတဲ့ဒီဌာနမှာ တစ်နှစ်နီးပါးလောက်ကြိုးကြိုးစားစားလုပ်ခဲ့ရပေမဲ့ နောက်ဆုံးရလာဒ်ကတော့ ကျွန်တော့်အတွက်မဟုတ်ခဲ့ဘူး။အန်နာ့ကိုမနာလိုဝန်တိုနေတာမျိူးမဟုတ်ဘဲ ကိုယ်တိုင်အရည်အချင်းမပြည့်မှီလေခြင်း၊အသုံးမကျလေခြင်းဆိုတဲ့စိတ်က ပိုနှိပ်စက်နေသည်။

ဘယ်လောက်ကြိုးစားပြမှ ကျွန်တော်ဖြစ်ချင်တာတွေက လက်လှမ်းမှီမှီနီးကပ်မှာလဲ။ရင်ဘတ်ထဲမှာမောဟိုက်လာတဲ့အထိရောက်အောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်နေလိုက်သည်။ရင်ဘတ်တစ်ခုလုံးအောင့်မျက်လာတဲ့အထိ...

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now