🍯 (၂၇)

343 77 1
                                    

Unicode

တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကြောင့် ဘယ်လိုမှဆက်အိပ်မရ။ရင်ဘတ်ထဲမှာလည်း ဟာတာတာနဲ့ပူလောင်လောင်ကြီးဖြစ်နေသလို လည်ချောင်းတွေပါခြောက်ကပ်နေသည်။မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်တော့ မရင်းနှီးနဲ့အခန်းမျက်နှာကြက်ကိုဝေဝါးဝါးမြင်ရသည်။

“အ..”

အပူတုံးကောင်လို့ခေါ်နေပေမဲ့ပါးစပ်ကထွက်မလာ။အသံကလည်ချောင်းထဲမှာပင်ပျောက်ရှသွားသည်။shit.... အဝင်ကောင်းပြီးသောက်ကျိူးနည်းအောင် ဒဏ်ခံရပါလား။အိပ်ရာပေါ်က ကုန်းထလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲ လက်ထဲမှာခွက်တစ်ခွက်ကိုင်ထားတဲ့ကောင်ကလေးကိုအခန်းတံခါးဝမှာမြင်ရသည်။ညကအဝတ်အစားနဲ့တော့မဟုတ်ချေ။အသစ်တစ်စုံလဲဝတ်ထားပုံရ၏။
ကျွန်တော်ကလည်ပင်းကိုလက်ညှိုးထိုးပြရင်း လက်ခါပြလိုက်တော့ ခပ်သုတ်သုတ်လျှောက်လာပြီးလက်ထဲကခွက်ကိုကမ်းပေးသည်။အချဥ်ဓာတ်နည်းနည်းပါတဲ့ဘလက်ခ်ကော်ဖီက လည်ချောင်းထဲစီးဝင်သွားမှနည်းနည်းနေသာထိုင်သာရှိသွားသည်။လည်ချောင်းရှင်းတဲ့အနေနဲ့ချောင်းဟန့်လိုက်ပြီး

“ဘယ်နှစ်နာရီရှိပြီလဲ”လို့မေးလိုက်တော့

“ရှစ်နာရီ”တဲ့။

ဘေးဘီဝဲယာကိုလှမ်းကြည့်လိုက်တော့ အခန်းနံရံက ခရုကျောက်စီပန်းချီကားတစ်ချပ်ကလွဲရင်ဘာမှမရှိ။ကျွန်တော်ထိုင်နေတဲ့ခုတင်ပေါ်ကို စောင်းကြည့်လိုက်တော့  ဘေးကခေါင်းအုံးက သေသေသပ်သပ်နေရာတကျ။

“ညကမင်းဘယ်မှာအိပ်တာလဲ”

ကျွန်တော်မေးလိုက်တော့ ကျွန်တော့်ဘေးကခေါင်းအုံးကို မျက်ခုံးပင့်ပြသည်။

“ဒီမှာ!”

ကျွန်တော်ကအလန့်တကြားပြောလိုက်တော့

“အိပ်စရာတခြားနေရာမှမရှိဘဲ”တဲ့။

“အဲ့တာဆိုလည်း ငါ့ကိုကြမ်းပေါ်မှာသိပ်လိုက်လို့ရတာကို။ဘာလို့အတူတူအိပ်ရတာလဲ”

ပြန်မဖြေ။ထုံပေပေမျက်နှာပေးနဲ့ရပ်ကြည့်မြဲ။

“မင်း..ငါ့ကိုတစ်ခုခုလုပ်လိုက်သေးလား...ဟမ်”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now