🍯 (၂၆)

358 71 2
                                    

Unicode

အိုင်ရင်းနဲ့တမနက်ခင်းလုံးစကားပြောကြပြီး နေ့လည်ခင်းမှာတော့ မြို့ထဲကိုမုန့်စားဖို့ထွက်ခဲ့ကြသည်။မြို့ထဲမှာအေးအေးဆေးဆေးလျှောက်လည်ကြရင်း ညနေစောင်းမှပြန်လာခဲ့ကြသည်။

“ယွင်ရှီးရယ်..အပြင်တခါထွက်တာတမေ့တမောပဲ။ဖုန်းလေးဘာလေးတောင်ယူမသွားဘူး”

အိမ်ပေါ်တက်တယ်ဆိုရင်ပဲ မေမေကဧည့်ခန်းထဲကဆီးကြိုဆူပူတော့သည်။ဖုန်းကအားမသွင်းရသေးလို့ယူမသွားပေမဲ့ အသွားတုန်းကမေမေ့ကိုပြောသွားတာပဲဟာကို။မေမေ့ကိုပြန်ပြောမယ်ပြင်တုန်း ကျွန်တော့်ဘက်ကိုကျောခိုင်းထိုင်နေတဲ့လူတစ်ယောက်ကြောင့် ဘာမှမပြောဘဲနေလိုက်ရသည်။
ဘယ်ကဧည့်သည်ပါလိမ့်။တွေးမိသွားတာနဲ့တပြိုင်နက်တည်း ရင်းနှီးနေတဲ့အငွေ့အသက်ရတာမို့ ရှေ့ကိုနှစ်လှမ်းလောက်တိုးလျှောက်လိုက်တော့ တစ်ဖက်ကလှည့်ကြည့်တာနဲ့ဆုံ၏။

“ကလေးကသားကိုစောင့်နေတာကြာပြီ။လာထိုင်ဦး”

ကျွန်တော်ဘာမှမမေးလိုက်ရဘဲ မေမေကဝင်ပြောလိုက်တာမို့ လွတ်နေတဲ့ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

“မင်း၊ ဘယ်လိုဖြစ်ပြီး..”

“ကလေးက မင်းကိုလာခေါ်တာလေ။သွားရေမြန်မြန်ချိူး၊ပြီးရင်လိုက်သွားလိုက်”

ကျွန်တော့်စကားကိုမေမေကပဲဖြတ်ပြောပြန်သည်။နေပါဦး...ခုအခြေအနေကိုကျွန်တော်လိုက်မမှီတော့ဘူး။

“သူကဘာလို့လာစောင့်ပြီး သားကဘာလို့လိုက်သွားရမှာလဲ”

သူ့ကိုမေးနေရင် ကြာနေမှာစိုးလို့မေမေ့ဆီသာ ဦးတည်မေးလိုက်ရ၏။

“ကလေးရဲ့အဘွားနေမကောင်းဖြစ်ပြီးဆေးရုံတက်ရလို့ အဲ့တာကလေးတစ်ယောက်တည်းဖြစ်နေလို့ သားကိုအဖော်လာခေါ်တာလေ”

မေမေ့စကားကြောင့်သူ့ကိုဖြတ်ကနဲ့လှည့်ကြည့်လိုက်တော့ ခပ်မှိုင်းမှိုင်းမျက်နှာနဲ့ကျွန်တော့်ကိုပြန်ကြည့်သည်။တကယ်ကြီးလား၊ ကောင်ကလေးမှာအဘွားရှိတယ်လို့လည်း မပြောဖူးပါဘူး။ရှိရင်တောင် စပါယ်ရှယ်နာ့စ်တွေ၊အကောင်းစားဆေးရုံတွေတက်နိူင်တဲ့လူက ဘာလို့...

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now