🍯 (၂၉)

322 65 1
                                    

Unicode

----‘အစ်ကို မနက်ဖြန်ရုပ်ရှင်သွားကြည့်ရအောင်’

ဖုန်းရဲ့နိုတီဘားမှာတက်လာတဲ့စာကြောင့် ပြုံးမိသွားသည်။ကောင်ကလေးနဲ့မတွေ့ရတာ ဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ။မိုနိုပိုလီကစားတဲ့နေ့ကနောက်ဆုံးတွေ့ဖြစ်ကြတာ။နေ့တုိင်းအပြင်ထွက်နေရင်မေမေသံသယဝင်မှာစိုးလို့ဆိုတဲ့ကျွန်တော့်အကြောင်းပြချက်ကိုတော့ ကောင်ကလေးကစောဒကမတက်ဘဲလက်ခံပေး၏။ကျွန်တော်တို့ကငယ်ရွယ်သေးတာကြောင့်ရော၊ဘယ်အရာကိုမှကံသေကံမမပြောနိူင်သေးတာကြောင့်ပါ လူသိရှင်ကြားဆိုတဲ့အခြေအနေကြီးကိုသွားဖို့မရဲသေးပါ။အိုင်ရင်းကိုတောင်မပြောဖြစ်သေးတာမို့ မေမေ့ကိုပြောဖို့ဆိုတာလည်း ပို၍မဖြစ်နိူင်။ခုလိုမသိမသာတွေ့တာမျိူးလေးတွေ၊ရက်ခြားရက်ခြားဒိတ်လေးတွေကတင် စိတ်လှုပ်ရှားဖို့ကောင်းနေတာမို့ပဲလားမသိ။ပြောပြဖို့လည်း ကျွန်တော်မကြိုးစားချင်သေးပါ။ကောင်ကလေးကရော  ဘယ်လိုသဘောရှိပါလိမ့်။တခါမှဒီအကြောင်းကိုကျကျနနမဆွေးနွေးဖူးတာမို့  တခါတော့ပြောမယ်လို့ပဲစိတ်ထဲတေးထားလိုက်သည်။

----‘ဘာကားလဲ’

----‘သရဲကားသစ်ရုံတင်တယ်’

----‘သရဲကားကြီးလား။မကြည့်ချင်ပါဘူး’

တကယ်ကသရဲကားတင်မဟုတ်ဘူးဘယ်ကားမှမကြည့်ချင်တာ။ကျွန်တော်ကရုပ်ရှင်ကြည့်ရတာကိုအဲ့လောက်စိတ်မဝင်စားဘူး။

----‘ဘာလို့လဲအစ်ကိုရ။အဲ့ကားကအရမ်းကောင်းတာနော်’

----‘ခုမှရုံတင်တာဆို။မင်းကဘယ်လိုသိ’

----‘ဒါက season 2လေ’

----‘ဩော်’

----‘လုပ်ပါအစ်ကိုကလည်း။ကြည့်ကြမယ်နော်..နော်’

----‘ငါမှမကြိုက်တာကို’

----‘ကျွန်တော်ကြည့်ချင်လို့ပါဗျာ။အစ်ကိုလိုက်ရင် မုန့်ဝယ်ကျွေးမယ်လေ’

----‘အဲ့တာဆိုရင်တော့စဥ်းစားပေးမယ်’

နောက်ဆုံးပို့လိုက်တဲ့ messageကိုကြည့်ပြီး ကိုယ်ဘာသာကိုယ်နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်သည်။အစကတည်းက ကျွန်တော်လိုက်ပေးမလို့တွေးပြီးသားပါ။ကောင်ကလေးကို စိတ်ရှုပ်အောင်လုပ်ချင်လို့သီးသန့်စနေလိုက်တာ။ခုဆိုရင်ကျွန်တော့်ရဲ့နေစဥ်အလုပ်တွေထဲမှာ ကောင်ကလေးရဲ့စိတ်ရှည်သည်းခံမှုကိုစမ်းသပ်တဲ့တစ်လုပ်ပါပိုလာခဲ့ပြီ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now