Unicode
ထင်ထားတဲ့အတိုင်းပဲ။ မုန့်ဝယ်ကျွေးမယ်ဆိုပြီးခေါ်လာတာက အပြည့်မမှန်ဘူး။မဝယ်ကျွေးဘူးလားဆိုတော့မဟုတ်၊ဝယ်ကျွေးပါရဲ့။ဘာစားချင်လဲမေးလို့ ဘာဂါလို့ပြောလိုက်တော့ အာလူးကြော်နဲ့ smoothieတောင်အဆစ်ဝယ်ကျွေးလိုက်သေး။မုန့်တွေကို takeawayယူ၊ပြီးတော့ ဟိုတခါကမ်းနားလမ်းကိုမောင်းခိုင်းတော့တာပဲ။မသိရင်လူကကယ်ရီသမားလိုလို။
ကမ်းနားလမ်းက နေ့လည်ခင်းဆိုနေပူတာမို့ စောဒကတက်မယ်ကြံကာရှိသေး၊ ကမ်းနားလမ်းမရောက်ခင် လမ်းသွယ်လေးတစ်ခုထဲကို ချိူးခိုင်းသည်။
သုံးမိနစ်ပြည့်အောင်မမောင်းရတဲ့လမ်းသွယ်လေးရဲ့အဆုံးမှာရှိတာက တောင်ကုန်းသေးသေးလေး။ဒီနေရာကိုကျွန်တော်သိတာပေါ့။အလယ်တန်းတုန်းက အတန်းတွင်းပျော်ပွဲစားအတွက်လာခဲ့တဲ့နေရာလေး။ပုံမှန်ဆို အပြင်လူအဝင်အထွက်ရှိတာမဟုတ်ဘူး။အတန်းပိုင်ဆရာမက အဆက်အသွယ်နဲ့တဆင့်မို့လာခွင့်ရတာ။ပေနှစ်ရာဝန်းကျင်လောက်သာကျယ်တဲ့တောင်ကုန်းလေးက တကယ်ဆိုထူးထူးခြားခြားဘာမှမရှိ။လမ်းကလေးကနေ ဆယ်ထစ်ကျော်ကျော်ကျောက်လှေကားလေးကို တက်ပြီးရင် လှလှပပဆောက်ထားတဲ့ ဝရန်တာကျယ်ကျယ်နဲ့အိမ်လေးတအိမ်ရယ်၊သီးပင်စားပင်တော်တော်များများရယ်ကြောင့် နေချင့်စဖွယ်တော့ကောင်းသည်။ဒါပေမဲ့ ဒီနေရာသေးသေးလေးရဲ့အဓိကထူးခြားချက်က ပင်လယ်ဖက်လှည့်ဆောက်ထားတဲ့အိမ်ရဲ့ ဘေးမျက်စောင်းထိုးမကျတကျကသစ်သားလှေကားပဲ။ကားလမ်းဖက်ကနေဆိုပြေပြစ်သလိုဖြစ်နေတဲ့တောင်ကုန်းလေးက ပင်လယ်ဖက်အခြမ်းကနေဆိုရင်တော့ တော်တော်မတ်စောက်သည်။တောင်ကုန်းလေးကနေ ဆင်ခြေလျှောဆောက်လုပ်ထားတဲ့ သစ်သားလှေကားလေးကနေ အထစ်လေးဆယ်ကျော်လောက်ဆင်းပြီးရင်တော့ ကမ်းခြေသဲသောင်ဖွေးဖွေးနဲ့ ထိတွေ့ခွင့်ရသည်။ပြီးတော့ဒီနေရာလေးရဲ့ထူးခြားချက်တစ်ခုက လမ်းတောက်လျှောက်ထက်စာရင် ကွေ့လေးသဖွယ်ဖြစ်နေတာရော၊ဘေးဖက်ဝန်းကျင်ကသစ်ပင်၊ကျောက်ဆောင်တွေရောကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်နဲ့ယှဥ်ရင် သိုသိုသိပ်သိပ်နဲ့သီးသန့်နေရာလေးလိုဖြစ်နေသည်။“ဖြစ်ပါ့မလား ”
“ဘာလို့ ”
“ဒီနေရာက အများပိုင်မဟုတ်ဘူးနော်၊ပြီးရင် ဝင်ကြေးပေးပြီးဝင်လို့ရတဲ့နေရာလည်းမဟုတ်ဘူး”
YOU ARE READING
𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢
Fanfiction🍯 Luo Yunxi & Chen Feiyu Feiyunxi Fan Fiction