🍯 (၂၈)

362 74 2
                                    

Unicode

လူတွေကဒေါသဖြစ်နေတဲ့အချိန်နဲ့ မူးနေတဲ့အချိန်ဆို စိတ်ရင်းတွေထွက်လာတတ်တယ်တဲ့။တခြားလူတွေအတွက်ဆိုရင်တော့ ကျွန်တော်အပြည့်အဝထောက်ခံပါသည်။ကျွန်တော့်အတွက်ဆိုရင်တော့ အဲ့တာကအသိမကပ်ဘဲတခဏရူးသွားတယ်လို့ပဲ သဘောထားလိုက်မည်။
sojuကကြွက်တွင်းတွေတောင် အများကြီးသောက်ရင်ထိတာမို့ ကျွန်တော့်လိုအူရိုင်းအနေနဲ့နှစ်ပုလင်းတောင်သောက်လိုက်တာဆိုတော့ ပလပ်ကျွတ်သွားတာမထူးဆန်း။ဘီယာတစ်ဘူးတောင်ထပ်ဆောင်းပါလိုက်သေးတာလေ။ပြီးတော့ အရက်မူးမှသိသွားတာတစ်ခုက မူးနေတဲ့အချိန်အသိစိတ်မကပ်ဘူးဆိုပေမဲ့ လုံးဝကိုသိမနေတာမျိူးတော့မဟုတ်ဘူး။အဲ့တာလည်းကိုယ်တိုင်သောက်ဖူးလိုက်မှသိတာ။ဘာတွေလုပ်နေလဲ၊ဘာတွေပြောနေလဲသိနေပေမဲ့ ကိုယ်လုပ်နေတာကို ကိုယ်ကဘေးကထိုင်ကြည့်နေရသလိုမျိူး မလုပ်သင့်မှန်းသိနေပေမဲ့မလုပ်နဲ့၊မပြောနဲ့ဆိုပြီး ထိန်းချုပ်လို့မရကိုဖြစ်နေတာ။ပုံမှန်စိတ်နဲ့ဆိုလုံးဝလုံးဝကိုမလုပ်တဲ့ဘုရားစူးကိစ္စကြီးတွေကိုလျှောက်လုပ်လိုက်တာမို့ နောက်တခါသောက်ဖို့ဆိုတာတော်တော်ကိုကြောက်သွားပါပြီ။

ရေချိူးပြီးမှပြန်ခဲ့တယ်ဆိုပေမဲ့ လူကတော်တော်ပဲ့နေတာတော့ငြင်းမရ။အိမ်ပြန်ရောက်တာနဲ့အခန်းထဲတန်းဝင်တဲ့ကျွန်တော့်ကို မေမေကလည်းသံသယမဝင်။ဆေးရုံသွားစောင့်ပေးရတယ်ပဲထင်နေပုံရသည်။
ဘာမှထပ်မတွေးတော့ပဲ အိပ်လိုက်တာ နေ့လည်ဆယ့်နှစ်နာရီကျော်မှပြန်နိုးလာခဲ့သည်။

“သား..ဟိုကလေးရဲ့အဘွားအခြေအနေရော”

ဗိုက်ဆာလာတာမို့ မီးဖိုခန်းထဲမှာ ဟိုဟိုဒီဒီလှန်လှောရှာနေတုန်း မေမေကဝင်လာရင်းမေး၏။

“အာ..ဟို..ကောင်းပါတယ်။ကောင်းတယ်”

“မင်းကြည့်ရတာလည်း ညှဥ်းသိုးသိုးနဲ့။ညကအိပ်ရေးပျက်လို့လား”

မေမေကကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း မေးခွန်းထုတ်၏။

“သားအိပ်မရလို့ပါ။ အိပ်ရာသစ်ဆိုတော့ ခဏခဏနိုးနေလို့”

မေမေကဘာမှထပ်မမေးတော့တာမို့ ထမင်းကိုပဲအာရုံစိုက်စားနေလိုက်သည်။
တော်သေးတယ်..မရိပ်မိလို့။
မေမေထမင်းစားခန်းထဲကထွက်သွားမှ စားပွဲပေါ်မှောက်ထားတဲ့ဖုန်းကိုယူပြီး messageတစ်စောင်ပို့လိုက်သည်။
ခဏနေတော့တဖက်ကစာပြန်လာတာမို့ ခပ်သွက်သွက်ပြန်ပို့လိုက်ပြီး ထမင်းဆက်စားလိုက်သည်။
-
-
-
ထက်အောက်အနက်ရောင်နဲ့ကောင်ကလေးက ဝေးဝေးကနေတောင်ထင်းနေသည်။ရင်ဘတ်မှာဆေးသားရိုက်ထားတဲ့ တီရှပ်အနက်ကိုဝတ်ဆင်ထားပြီး ဂျင်းန်ဘောင်းဘီကလည်း ခြေမျက်စိအထက်လောက်သာရှည်တဲ့ straight jeansမို့ သပ်သပ်ရပ်ရပ်နဲ့ကြည့်လို့အတော်ကောင်းသည်။
ကောင်ကလေးကိုကြည့်ပြီးကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့ ဝတ်နေကျ short  pantsအနက်နဲ့ တီရှပ်အဖြူပွပွကိုမရိုးမအီစွာတွေ့ရသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now