🍯 (၄၁)

315 71 0
                                    

Unicode

နောက်ဆုံးဥဩသံတစ်ခါပေးပြီးနောက်မှာတော့ ရထားက ဘူတာဆီ ဆိုက်ရောက်သည်။စက်ရှိန်မသတ်သေးတာမို့ ခပ်နှေးနှေးသွားနေတဲ့ရထားပေါ်ကနေ စင်္ကြံလမ်းဆီဆင်းဖို့ တကြွကြွဖြစ်နေသူတွေကြားမှာ  ကောင်ကလေးကို လည်တဆန့်ဆန့်လိုက်ရှာမိသည်။
ရှေ့လတွေကရိုက်နေတဲ့ movieလည်းရိုက်ရက်ပြီးသွားပြီးမို့ ဒီတစ်ပတ်ပိတ်ရက်လာခဲ့မယ်ဆိုပြီး ဖုန်းဆက်ပြောကတည်းက ဒီနေ့ကိုကျွန်တော်မျှော်နေခဲ့တာ။မနက်ကလည်း နိှုးစက်သံမမြည်သေးခင် မနက်ငါးနာရီလောက်ကတည်းက စောစောနိုးသည်။ပုံမှန်ဆိုခပ်စောစောအတန်းချိန်တွေတောင် နာရီဝက်အလိုမှထပြီး ပျာတိပျာယာလုပ်နေကြလူက ဒီမနက်တော့ နှိုးစက်အကူအညီမလိုပါဘဲစောစီးစွာနိုးသည်။
အရမ်းတော့မအံ့ဩဖြစ်ပါဘူး။ငယ်ငယ်က ကစားကွင်းလိုက်ပို့မယ်လို့ မေမေပြောထားရင် ခုလိုပဲစောစောနိုးတတ်သလို၊ အသက်ကြီးလာတော့လည်း ခရီးသွားမယ့်မနက်တွေဆို စောစောနိုးတတ်တာပဲ။စိတ်ကတက်ကြွပြီး အရမ်းကိုနိုးဆော်နေတာကြောင့်ဖြစ်မည်။

“အစ်ကို!”

လက်နှစ်ဖက်ကိုယှက်ဖြာဝှေ့ယမ်းပြနေတဲ့ကောင်ကလေးကို လူအုပ်ကြားထဲမှာ ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ကျွန်တော်ကလက်ပြန်ပြလိုက်တယ်ဆိုရင်ပဲ အနားကို မပြေးရုံတမယ် ခပ်သွက်သွက်လျှောက်လာသည်။

“စောင့်နေရတာကြာပြီလား”

“ဟင့်အင်း ”

ကြာနေပြီဆိုပေမဲ့ ကျွန်တော်မုသားသုံးလိုက်သည်။မဟုတ်ရင် စိုးရိမ်တကြီးစကားတွေပဲ ဆက်တိုက်ပြောနေတော့မှာလေ။

“ဒီလောက်အေးနေတာကို ရှပ်တစ်ထည်ထဲဝတ်လာတယ်...အောက်ကလည်းအတိုလေးနဲ့”

ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးတာနဲ့ စူပုပ်ပုပ်အမူအရာနဲ့ပြောရင်း  သူ့parka coatကိုချွတ်ကာ
ကျွန်တော့်ကို ဝတ်ပေးသည်။သူ့ကိုကြည့်လိုက်တော့လည်း အဝတ်အထပ်ထပ်နဲ့။မြစိမ်းရောင်ခေါင်းစွပ်ဟူဒီထူထူအောက်မှာ တီရှပ်အနက်ရောင်လည်ပင်းစကို တစွန်းတစမြင်နေရသည်။ဒီနေ့ကရာသီဥတုနည်းနည်းအေးတယ်ဆိုပေမဲ့ ကျွန်တော့်လိုအအေးကြိုက်တဲ့လူအတွက် အရမ်းတော့မဆိုးပါဘူး။အဲ့တာမို့လည်း တီရှပ်ပေါ်မှာ ရှပ်အပွတစ်ထည်ပဲ ထပ်ဝတ်လာခဲ့တာ။အောက်ကလည်း ဝတ်နေကျမီးခိုးရောင် short pantsပဲ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now