🍯 (BONUS)

592 84 2
                                    

Unicode

“ယွင်ရှီး..နင်ခုထိ ဘာမှမလိမ်းရသေးဘူးလား..မျက်ကပ်မှန်ကော..”

“Skincareတော့ လိမ်းထားတယ်လေ။မျက်ကပ်မှန်လည်း တပ်ပြီးပြီ။အဲ့လောက်ဆိုရပြီမလား..”

“ဟဲ့ ကမ်းခြေမှာလေ..နေအပူချိန်၊လေအပူချိန်နဲ့ မဲသွားမှာပေါ့။ လာထိုင် ငါပြင်ပေးမယ်..”

အိုင်ရင်းကပြောလည်းပြော မှန်တင်ခုံရှေ့မှာလည်း အတင်းထိုင်ခိုင်းသည်။

“ဟဲ့ တအားတွေမလိမ်းနဲ့နော်။ငါမနေတတ်ဘူး..”

“ငါသိပါတယ် လျှာမရှည်နဲ့။မျက်လုံးခဏမှိတ်ထား..”

ရှိစေတော့။စိတ်ချမ်းသာသလိုသာ လုပ်ကြပါစေတော့။ဝဋ်ဆိုတာ ဒီလိုပဲလည်တတ်တာပေါ့..။

“ယွင်ရှီး..ယွင်ရှီး  suitအပေါ်မှာကပ်မယ့်ပန်းရပြီ။ဟင်...မိတ်ကပ်ကခုမှလိမ်းတာလား..”

“ဟုတ်တယ်အန်နာ။ဒီကောင်ကိုတစ်ယောက်တည်းလွှတ်ထားရင် အဲ့အတိုင်းပဲ။ခုတောင်အိုင်ရင်းဝင်လာတာမြန်လို့..”

“အန်နာဘာထပ်ကူရဦးမလဲ..”

“ရတယ်အန်နာ..ဟိုပြေးဒီပြေးနဲ့မောနေမှာပေါ့။ခဏထိုင်နားဦး..။ဟဲ့ မျက်လုံးမှိတ်ထားပါဆို..”

အန်နာ့ကိုပြောပြီးတာနဲ့ ကျွန်တော့်ကိုဟောက်တော့တာပဲ။
ခုမှ အမေမတူအဖေကွဲအမွှာရသလိုကို နှစ်ယောက်သားလိုက်ဖက်နေကြတာ။အန်နာရေ..အိုင်ရင်းရေနဲ့။

“ယွင်ရှီး  ဖုန်းလာတယ်”

ကျန်းဝေက အခန်းထဲကိုဝင်လာရင်း ဖုန်းကိုကမ်းပေးတာမို့ မျက်လုံးတစ်ဖက်ဖွင့်ရင်း လှမ်းယူလိုက်သည်။

‘ရှီးရှီးရေ..ကယ်ပါဦး’

ဖုန်းကိုင်လိုက်တာနဲ့ ချူဟွားရဲ့အလောတကြီးအသံက အရင်ထွက်လာသည်။

‘ဘာဖြစ်လို့လဲချူဟွား..’

‘ငါ့မောင်..ငါမောင့်..နင့်ကောင်ဟေ့။ငါမလာတာကို ကောက်တော်မူနေတယ်..။မနေ့ညကတည်းက ငါနင်တို့နှစ်ယောက်ကို သေသေချာချာတောင်းပန်ထားတာကို..။ဒီမနက်မှ ထပ်ဆက်ပြီး အကြပ်ကိုင်ခြိမ်းခြောက်နေတယ်။ခုမှငါကဘယ်လိုလာလို့ရမှာတုန်းဟ’

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now