🍯 (၃၅)

336 67 6
                                    

Unicode

ဆိုဖာကိုမှီရင်း ကြမ်းခင်းကောဇောပေါ်ခြေဆင်းထိုင်နေတုန်းမှာပဲ ကောင်ကလေးကကျွန်တော့်ပေါင်ပေါ်မှာခေါင်းလာအုံးလိုက်ပြီး ပက်လက်အနေအထားနဲ့မော့ကြည့်နေတာမို့ လူကမနေတတ်သလိုဖြစ်နေသည်။
ဟုတ်တယ်လေ..ဓာတ်ပုံရိုက်ရင်တောင် အောက်ကပင့်ရိုက်ရင်ရုပ်ဆိုးတာ ခုလိုအောက်ကနေတည့်တည့်ကြီးမော့ကြည့်နေတော့ ဘယ်လောက်တောင်ရုပ်ဆိုးနေလိုက်မလဲ။

“ကျွန်တော်ဒီလတွေထဲမှာ အစ်ကို့ကိုသိပ်တွေ့ချင်တာပဲ။ရှန့်ဟိုင်ကိုရောက်ရောက်ချင်း castingတန်းဝင်၊သိပ်မကြာဘူး နယ်ကိုသွားရတော့ အစ်ကို့ဆီလာဖို့လုံးဝမလွယ်တာ။ပြန်ရောက်တော့လည်း ပထမကားကဒါရိုက်တာက ကျွန်တော့်ကိုသဘောကျလို့ ဒီဇာတ်လမ်းကိုထပ်ကမ်းလှမ်းတာနဲ့ အခွင့်ရတုန်းဆက်ရိုက်နေလိုက်တာ”

တခါကောင်ကလေးဖုန်းဆက်တုန်းကပြောဖူးတယ်၊ပထမတစ်ကားက တတိယဇာတ်လိုက်နေရာဆိုပြီး။အဲ့တာကြောင့်အခန်းလည်းများများစားစားမပါသလို၊ ရိုက်ရက်လည်းသိပ်မများတာမို့ ကျွန်တော်စာပို့တိုင်းကောင်ကလေးကအရံသင့်ရှိနေတတ်သည်။ခုလောက်လည်း ရုပ်ပျက်ဆင်းပျက်မပင်ပန်း။

“ခုက movieဆိုပေမဲ့ အဓိကဇာတ်လိုက်နေရာမို့ပိုပင်ပန်းတယ်လေ”

“အဓိကဇာတ်လိုက်နေရာတောင်ကမ်းလှမ်းခံရတာလား”

“အဓိကဇာတ်လိုက်ဆိုပေမဲ့ တွဲဖက်ရောကျွန်တော်ရောက တက်သစ်စမို့ အရမ်းတော့ဖိအားမရှိပါဘူး”

ကျွန်တော့်မှာစောနကလိုစိုးရိမ်မှုတွေမရှိတော့ဘဲ ကောင်ကလေးကိုငုံမိုးကြည့်ရင်း  သူ့ဆံပင်တွေထဲကိုလက်ထည့်ပြီး ထိုးဖွနေမိသည်။

“ဆံပင်တွေရှည်လာတယ်”

ကောင်ကလေးနဲ့စတွေ့ကတည်းက buzz cut hairstyleမျိူးပဲတွေ့နေကျမို့ ဒီဆံပင်ဟာကျွန်တော့်အတွက်ဆန်းနေသည်။နည်းနည်းပွယောင်းယောင်းနိူင်ပေမဲ့ပေါ့။

“အင်း..ကာရိုက်တာအတွက်လိုအပ်လို့ထားထားရတာ။ပြီးရင်ညှပ်လိုက်မယ်”

“မညှပ်နဲ့”

“ဗျာ”

“မညှပ်နဲ့လို့။နောက်ဖက်ကိုနည်းနည်းတိုလိုက်ပြီး အုပ်အုပ်လေးပြောင်းလိုက်။အဲ့တာဆို ကြက်တောင်စည်းလိုက်ရင်ကြည့်ကောင်းနေမှာ။နာနတ်သီးလေးလို ”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now