🍯 (၄၉)

338 66 4
                                    

Unicode

နှစ်ကူးပြီးနောက်တစ်ရက်ရောက်တော့ ကောင်ကလေးက သူ့အစ်ကိုအိမ်ကိုသွားကြရအောင်ဆိုတာနဲ့ ထွက်လာခဲ့ကြသည်။လမ်းရောက်တော့ မြို့လယ်ကကုန်တိုက်တစ်ခုထဲခဏဝင်တာမို့ ဘာလုပ်ဖို့လဲဆိုတော့ မမဖို့လက်ဆောင်တဲ့။ကျွန်တော်နားမလည်သလိုဖြစ်သွားတော့မှ ဒီနေ့သူတို့မောင်နှမတွေဆုံပြီး ထမင်းစားကြမယ်လုပ်ထားတာ၊အဲ့တာကျွန်တော်နဲ့တွေ့ပေးချင်လို့ပါတဲ့၊အမှန်တိုင်းခေါ်ရင် ကျွန်တော်မလိုက်မှာစိုးလို့ဆိုပြီး အားတုံ့အားနာပုံစံနဲ့ပြောလာသည်။အမှန်တိုင်းပြောရရင်လည်း ကျွန်တော်မလိုက်ချင်ပါ။ဒါပေမဲ့ ခုမှလည်းပြန်မယ်လုပ်မရတော့သလို၊ တချိန်ချိန်တော့တွေ့ရမှာပဲ စောတာနဲ့နောက်ကျတာပဲကွာမယ်ဆိုတဲ့အတွေးနဲ့ လိုက်ဖို့ပဲဆုံးဖြတ်လိုက်သည်။

ကောင်ကလေးအစ်ကိုရဲ့အိမ်ဆိုတာက အရင်တုန်းကကောင်ကလေးနေခဲ့တဲ့ကွန်ဒိုပါပဲ။ကျွန်တော်တို့ရောက်လို့ ဘဲလ်ပြီးမကြာဘူး၊တံခါးပွင့်လာသည်။တံခါးဖွင့်ပေးတဲ့လူက ချန်ချူဟွား။
ဒီနှစ်တွေထဲပြည်မမှာ ရုပ်ပိုင်းဆိုင်ရာရော၊အရည်အချင်းအရပါ လူကြိုက်များနေတဲ့ အလှလေးတစ်ယောက်ကို မျက်မြင်ကိုယ်တွေ့ကြုံရတော့ နည်းနည်းစိတ်လှုပ်ရှားမိတာတော့အမှန်ပဲ။အဲ့တာက ကိုယ့်ကောင်လေးရဲ့အစ်မဆိုရင်တောင်မှပေါ့။နေရာမှာတင် တောင့်တောင့်ကြီးရပ်နေမိတာ ကောင်ကလေးရဲ့အစ်ကို့ဆိုတဲ့ ခပ်ဆတ်ဆတ်မာကျောကျောအသံရယ်၊ချန်ချူဟွားရဲ့ရယ်သံကို မကြားခင်အထိပဲ။

“မမ....နင့်အစ်ကိုကခေါ်တုန်းကခေါ်ပြီးဘယ်ရောက်နေပြန်တာတုန်း..”

ဧည့်ခန်းဆိုဖာပေါ်မှာထိုင်တယ်ဆိုတာနဲ့ ကောင်ကလေးက တန်းမေးသည်။

“ရေချိူးနေတယ်လေ..ညကအလုပ်နည်းနည်းနောက်ကျသွားပုံပဲ။ငါလာတော့ အတင်းနှိုးထားရတာ။ ဟဲ့..မိတ်ဆက်ပေးဦးလေ”

ချန်ချူဟွားက ကောင်ကလေးရဲ့မေးခွန်းကိုဖြေပြီးတာနဲ့ ကျွန်တော့်ကိုမျက်စပစ်ရင်းပြော၏။

“ကိုကိုလာတဲ့အထိစောင့်။နှစ်ခါမိတ်မဆက်ပေးနိူင်ဘူး..”

ကောင်ကလေးက ဘယ့်နှယ့်ဟာတုန်း။ကိုယ့်အစ်မကို စကားကောင်းကောင်းကိုမပြောဘူး။ခေါ်တော့သာ ကိုကို၊မမတဲ့။ပြောလိုက်ရင်တော့ သက်တူရွယ်တူအတိုင်းပဲ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now