🍯 (၄၆)

324 71 5
                                    

Unicode

ဝယ်လာတဲ့အထုပ်တွေကို ကြမ်းပြင်မှာအရင်ချပြီး လဲမသွားအောင် နံရံမှာမှေးထောင်လိုက်သည်။ပြီးမှ လွယ်အိတ်ထဲကသော့တွဲကို ယူလိုက်ပြီး အခန်းသော့ခလောက်ကိုဖွင့်ပြီးမှ အထုပ်တွေကိုပြန်သယ်ပြီး အိမ်ထဲကိုဝင်ခဲ့လိုက်သည်။

အိမ်လို့သုံးနှုန်းလိုက်ပေမဲ့ အခန်းလို့ပြောရင် ပိုမှန်မည်။ကျွန်တော်ခုနေ,နေတဲ့အခန်းလေးက တန်ဖိုးနည်းအိမ်ရာကတိုက်တစ်တိုက်ရဲ့ ငါးလွှာက အခန်းတစ်ခုသာ။တက္ကသိုလ်မှာတုန်းက ကျန်းဝေနဲ့အတူနေခဲ့တဲ့အဆောင်အခန်းလေးကို ဧည့်ခန်းတစ်ခန်းထပ်ဖြည့်လိုက်သလောက်သာကျယ်တဲ့ဒီအခန်းလေးက မြို့တော်ကြီးအနေနဲ့ဆို ငှားစျေးပင်မနည်းလှ။ဒါတောင်ကျွန်တော့်ပိုက်ဆံနဲ့ကျွန်တော်ငှားနိူင်ခဲ့တာမဟုတ်ဘူး။ဖေဖေက ခြောက်လစာချူပ်နဲ့ငှားပေးထားတာ နှစ်လသာရှိသေးသည်။ကျွန်တော့်ရဲ့ပုံမှန်ဝင်ငွေနဲ့သာဆိုရင်တော့ ဒီလူနေမှုစနစ်နဲ့တဆင့်လောက်နိမ့်တဲ့နေရာလောက်ပဲ ငှားနိူင်လိမ့်မည်။ဒီအိမ်မရောက်ခင် အရင်နေခဲ့တဲ့နေရာလိုပေါ့။

လွယ်အိတ်ကို ခုတင်ဘေးကစာကြည့်စားပွဲဘေးမှာချလိုက်ပြီး ဖုန်းကိုထုတ်ကာ အားအရင်သွင်းလိုက်သည်။ပြီးမှဝယ်လာတဲ့အထုပ်တွေကိုဆွဲပြီး မီးဖိုခန်းဘက်ထွက်လာလိုက်သည်။အသားဘူးကို ရေခဲသေတ္တာအခဲခန်းထဲကိုထည့်ပြီး အသီးအရွက်တွေကိုတော့ ရိုးရိုးခန်းမှာ စီထည့်လိုက်သည်။
ဒီညနေတော့ ထွေထွေထူးထူးမလုပ်ချင်တော့တာမို့ ခေါက်ဆွဲပဲပြုတ်စားလိုက်မည်။အရင်နှစ်ပတ်က လမ်းထိပ်က supermarketမှာ နှစ်ကုန်လျှော့စျေးချနေတုန်း ဝယ်ခဲ့တဲ့ခေါက်ဆွဲတွေကိုပဲ မျှင်းစားနေခဲ့တာ ခုဆိုတစ်ထုတ်ပဲကျန်တော့သည်။မဆိုးဘူး..သူလည်းဒိတ်ကုန်တော့မှာဆိုတော့ ဒီညတော့ခေါက်ဆွဲပြုတ်နဲ့ပဲ နှစ်ပါးသွားလိုက်တော့မည်။
-
-
-
ရာသီဥတုကအရမ်းအေးနေပြီမို့ ရေကိုခပ်သွက်သွက်အရင်ချိူးလိုက်ပြီးမှ ခေါက်ဆွဲပြုတ်ဖို့ လုပ်ရသည်။ခေါက်ဆွဲပြုတ်အိုးကျတယ်ဆိုတာနဲ့ ပန်းကန်ပြားတစ်ချပ်ကိုအောက်ကအရင်ခံပြီး ပန်းကန်လုံးအကြီးကိုအပေါ်ကတင်ပြီးမှ အိုးထဲကခေါက်ဆွဲတွေကို လောင်းထည့်လိုက်သည်။အသင့်ယူထားတဲ့တူတစ်စုံနဲ့ဇွန်းတစ်ချောင်းကို ပန်းကန်ပြားရဲ့လွတ်နေတဲ့နေရာမှာတင်လိုက်ပြီး ခေါက်ဆွဲပန်းကန်ကိုအိမ်ရှေ့ဧည့်ခန်းဆီ သယ်လာလိုက်သည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now