🍯 (၁၇)

381 87 4
                                    

Unicode

အရုပ်ဆိုင်ကထွက်လာပြီးတော့ ကောင်ကလေးက စကားတွေပြောပေမဲ့ ကျွန်တော့်နားထဲမရောက်ဘူး။ကျွန်တော့်အတွေးက ခုနကကိစ္စဆီမှာပဲရှိနေသည်။ကျွန်တော်က တစ်ဦးတည်းသောသားပေမဲ့ သာမာန်မိသားစုကမွေးလာတာမို့ အရမ်းကာရောအလိုလိုက်ခံရတယ်ဆိုတာမရှိခဲ့ဘူး။ငါးခုပူဆာရင် တကယ်လိုအပ်တယ်လို့ထင်တဲ့တစ်ခုကိုပဲ ရတာမျိူး။သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဆိုလည်း အချစ်ခံရ၊အခင်ခံရပေမဲ့ ယုယုယယနဲ့အသေးစိပ်လိုက်ဂရုစိုက်ခံနေရတာတော့ မဟုတ်ဘူးပေါ့။တစ်ယောက်ယောက်ရဲ့အကြိုက်ခံဘဝမျိူးခဏခဏကြုံခဲ့ဖူးပေမဲ့လည်း ကိုယ်တကယ်မလိုအပ်တဲ့အပေါ်ယံပကာသနဖြည့်ဆည်းမှုတွေနဲ့ သူတို့မျက်နှာပွင့်အမှတ်တိုးလောက်တဲ့ အချက်တွေကိုပဲ ဦးတည်ခဲ့ကြတာ။ဥပမာ ပန်းစည်းတွေ၊လက်ဆောင်တွေ၊မုန့်တွေနဲ့ချည်းကပ်တာတို့၊ကိုယ့်သူငယ်ချင်းတွေနဲ့ပါ အဆင်ပြေတယ်လို့ထင်အောင် သူငယ်ချင်းတွေရဲ့အနွံတာပါခံပေးတာတို့ပေါ့။ကျွန်တော်တကယ်လိုအပ်နေတာ ဘာလဲဆိုပြီးကြိုးစားရှာဖွေတာမျိူးမလုပ်ခဲ့ကြဘူး။ကောင်ကလေးကတော့ အပြည့်အဝမဟုတ်တောင် အနီးစပ်ဆုံးဖြစ်စေခဲ့သည်။တကယ်လို့ စောနကဘောလုံးတွေအကုန်မမှန်ခဲ့တောင်၊အရုပ်မရခဲ့တောင် ကောင်ကလေးရဲ့အပြုအမူပေါ် ကျွန်တော်လက်မအကြီးကြီးပေးမိမှာပဲ။

“ဘယ်သွားချင်သေးလဲ”

ဒီတခေါက်ကောင်ကလေးရဲ့အမေးမှာတော့ ကျွန်တော့်ရုပ်နဲ့နာမ်ပြန်ပူးကပ်နေပြီမို့

“ရဟတ်စီးမှာ”လို့ ပြန်ဖြေလိုက်သည်။

“ရဟတ်?”

ကျွန်တော့်အပြောကို မေးခွန်းပြန်ထုတ်တာမို့

“အင်း။ငါကအဲ့လိုတွေစီးရတာကြိုက်တာ။အိုင်ရင်းနဲ့ဆိုတခါမှမစီးရဘူး။သူလည်းမစီးရဲသလို ငါ့လည်းမစီးခိုင်းလို့”လို့ဖြေလိုက်တော့

“ဩော်”ဆိုပြီးတိုးတိုးလေးပြန်ပြောသည်။ခဏကြာမှ

“အရမ်းကြိုက်တာပဲလား”တဲ့။

“ရဟတ်လား။အေးပေါ့ဟ။ခုအိုင်ရင်းမရှိတုန်းစီးရမယ်။မင်းမစီးချင်ရင် စောင့်နေပေါ့”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now