🍯 (၁၂)

471 93 6
                                    

Unicode

ဒီကနေ့တော့ တနေကုန်စိတ်ကြည်မနေဘူး။ဘာလို့လဲဆိုတဲ့အကြောင်းပြချက်တော့မရှိပါဘူး။ဒီအတိုင်း မကြည်ချင်လို့ကိုမကြည်တာ။စိတ်မကြည်ပါဘူးဆိုမှ ပြဿနာကဆက်တိုက်ပဲ။အိမ်ရှေ့ခန်းမှာခင်းထားတဲ့မွှေးပွကော်ဇောကို ခလုတ်တုိက်ပြီးမှောက်လျက်လဲတာ ဒူးပြဲသွားသည်။ဝရန်တာမှာထိုင်နေရင်း ခြံရှေ့ကလမ်းမှာ ချစ်ကြည်နူးတစ်တီတူးနေတဲ့ခွေးနှစ်ကောင်ကိုလည်း ရေနဲ့လှမ်းပက်လိုက်သေးသည်။မြင်မြင်ရာကိုစိတ်အချဥ်ပေါက်နေတာမို့ ခြံတံခါးကိုကျောပေးထိုင်နေလိုက်၏။ကျွန်တော်တို့ခြံစည်းရိုးက လက်သုံးလုံးစာလောက်သာကျယ်တဲ့ သစ်သားပြားလေးတွေကို ထောင်ပြီးခပ်ကျဲကျဲရိုက်ထားပြီး ဆေးဖြူလေးသုတ်ထားတာမို့ အဆင်အပြင်ကလှပေမဲ့ ထည်ထည်ဝါဝါမရှိ။ပြီးတော့ ခါးအထိလောက်ပဲမြင့်တာမို့ လမ်းအပြင်ကိုလည်းအတိုင်းသားမြင်နေရသည်။တချိူ့တွေလို အပြင်ကဘာဖြစ်နေမှန်းမသိ၊အတွင်းကဘာဖြစ်နေမှန်းမသိတဲ့ ထုထည်ကြီးကြီးခြံတံတိုင်းကြီးမျိူးမဟုတ်။ဟူး ရောက်တက်ရာရာတွေးနေရတာကိုတောင် စိတ်မရှည်ချင်နေဘူး။ညနေစောင်းတဲ့အထိလည်း ဘာမှလုပ်စရာမရှိ။ပျင်းရိခြောက်သွေ့နေတာမို့ပိုဆိုးသည်။မေမေကလည်း အနားကမြို့လေးကိုဖေဖေရောက်နေတာမို့သွားတေွ့တာ ဟိုနေ့ကကျွန်တော်အပြင်ကပြန်ရောက်ပြီးကတည်းက။ ဖေဖေကသုံးရက်ပဲနေရမယ့်အပြင် အလုပ်ကိစ္စလည်းရှိသေးတာမို့ ဒီမြို့ထိလာလို့မမှီလို့တဲ့လေ။နှစ်ရက်ရှိပြီ၊ ခုထိပြန်မရောက်သေး။LOLလည်း မဆော့ချင်။ပံုမှန်ဆို တတောင်တောင်စာပို့နေတဲ့ဟိုကောင်တွေကလည်း activeဖြစ်နေတာတောင် အဖက်မလုပ်။အိုင်ရင်းလည်းမရှိဘူး။သူ့အဒေါ်တွေကသူတို့မြို့ကိုပြန်တော့ သူ့ပါခေါ်သွားသည်။ဒါတောင် smsတိုစွစွနဲ့အသိပေးတာ။ပြီးတော့ မဆီမဆိုင်တွေပြောသွားသေး။ပြန်လာရင် သတင်းကောင်းကြားချင်တယ်တဲ့။ရူးများသွားလားမသိဘူး။ဒီအပူတုံးကောင်နဲ့ကျမှ အရည်ပျော်ကျနေတာ နဂိုအိုင်ရင်းမဟုတ်တဲ့အတိုင်းပဲ။တော်ပါပြီ လူတွေကအပေါ်ယံတွေပဲ။အရေးအကြောင်းဆို အနားမှာမရှိကြဘူး။မျှော်လင့်ချက်တွေပေးပြီး လိုအပ်နေတဲ့အချိန်ဆိုထားသွားကြရော။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now