🍯 (၃၂)

326 67 5
                                    

Unicode

အပြင်မှာမထိုင်ခိုင်းတော့ဘဲ အိမ်ထဲကဧည့်ခန်းဆီပဲခေါ်လာဖြစ်သည်။ထိုင်ခုံမှာနေရာတကျထိုင်ပြီးတဲ့အထိ စကားဝိုင်းကတိတ်ဆိတ်အေးစက်နေကာ သူလည်းမစဖြစ်၊ကိုယ်လည်းမစဖြစ်။ကျွန်တော်ကလည်းစားပွဲပေါ်ကပန်းအိုးကိုပဲ အကြောင်းပြချက်မရှိ ငေးကြည့်နေမိသည်။

“အစ်ကိုအဆင်မပြေဘူးထင်လို့”

ခဏလောက်ကြာတော့ကောင်ကလေးကပြောလာသည်။

“အစ်ကို့ကိုကြည့်ရတာတမျိူးပဲ။အဲ့တာမို့ပြန်လာတာ”

ဩော်...သိသေးသားပဲလို့ စိတ်ထဲကခပ်ရွဲ့ရွဲ့ပြောလိုက်ပေမဲ့ အပြင်ကတော့ထုတ်မပြောဖြစ်။နေမြဲအတိုင်းသာနေလိုက်သည်။

“အစ်ကိုသဝန်တိုနေတာတော့မဟုတ်ဘူးမလား”

ကောင်ကလေးကသာမာန်လေသံနဲ့ပြောလိုက်ပေမဲ့ ကျွန်တော့်ရင်ထဲဟိန်းကနဲမြည်ဟီးသွားသည်။
ကျွန်တော် တနေကုန်နေရအဆင်မပြေဖြစ်နေတာ အိုင်ရင်းနဲ့ကောင်ကလေးကိုသဝန်တိုနေလို့လား။ကိုယ့်ဘာသာပြန်မေးလိုက်ပေမဲ့ အဲ့လိုတော့မဟုတ်ဘူးပဲအဖြေထွက်သည်။အိုင်ရင်းဆိုတာ ကျွန်တော်သဝန်တိုရမယ့်လူမှမဟုတ်တာ။ဒါပေမဲ့ ကျွန်တော့်စိတ်ထဲနေလို့မကောင်းတာတော့အမှန်ပဲ။ကောင်ကလေးက လူတိုင်းနဲ့အဆင်ပြေတဲ့လူ၊ဖော်ရွှေတဲ့လူမို့လားမသိ၊ကျွန်တော်ကဘေးရောက်သွားသလိုခံစားရတာကစတာပဲ။ဘာနေနေလူတိုင်းက ကိုယ့်ရည်းစားအတွက်ကိုယ်ကတမူပိုထူးစေချင်ကြတာပဲမလား။သာမာန်လူတစ်ယောက်လိုသဘောထားခံရပြီး အလေးပေးမခံရတဲ့အခါ ကျွန်တော်နည်းနည်းစိတ်မကောင်းချင်ဖြစ်သွားရုံပါ။

“အစ်ကိုကကျွန်တော်တို့နှစ်ယောက်အကြောင်းသိုဝှက်ထားချင်သေးတော့ တခြားလူတွေတမျိူးမြင်မှာစိုးလို့ ခပ်တန်းတန်းနေလိုက်တဲ့အပြုအမူတွေက အစ်ကို့အတွက်ဂရုမစိုက်သလိုဖြစ်သွားမလားလို့ ကျွန်တော်တွေးမိသွားတာ။အဲ့လိုတွေးမိသွားတယ်ဆိုပဲ ပြန်လှည့်လာတာ။တနေကုန်အစ်ကို့မျက်နှာမကောင်းမှန်းလည်းသိပေမဲ့ အိုင်ရင်းကအနားမှာဆိုတော့ မေးဖို့ဘယ်လိုမှအဆင်မပြေဘူးလေ”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now