🍯 (၅၅)

385 71 6
                                    

Unicode

‘ဟဲလို’

‘အေး ယွင်ရှီး။ဘာပြောစရာရှိလို့လဲ’

‘အိုင်ရင်း..ယွဲ့ယွဲ့ကငါ့ကိုကြိုက်ခဲ့တာဆို’

‘ဘာလို့ခုမှလာမေးနေတာတုန်းဟ။ယွဲ့ယွဲ့တောင် အိမ်ထောင်ကျသွားပြီဟာကို..’

အိုင်ရင်းကအထူးအဆန်းလုပ်လို့ဆိုတဲ့ပုံစံနဲ့ ပြန်ပြော၏။သူဒီလိုပြန်ပြောတယ်ဆိုကတည်းက ဒီကိစ္စတွေကိုသူအကုန်သိထားခဲ့လို့ပေါ့။ကျွန်တော်တစ်ခုမှသိမနေတဲ့ကိစ္စတွေကိုလေ။

‘ငါသိချင်လို့..သူနဲ့လွန်ခဲ့တဲ့နာရီပိုင်းကမှတွေ့တာ။ငါတို့ဟိုဟိုဒီဒီလျှောက်ပြောရင်း သူကငါ့ကိုရည်းစားရပြီလားမေးတယ်။ပြီးတော့ အဲ့ရည်းစားကတော်တော်ချစ်ပြပေးလို့သာ ငါကမြင်တာတဲ့။သူ့တုန်းကဆို သိတောင်မသိဘူးတဲ့။ငါကနားမလည်ဘူးဆိုတော့ နင့်ကိုပဲမေးတဲ့။နင်အသိဆုံးတဲ့’

‘ယွင်ရှီး အဲ့တာတွေက ခုအရေးကြီးနေလို့လား။ပြီးခဲ့ပြီပဲဟာ..’

‘ငါအရေးကြီးနေလို့ နင်သိသလောက်အကုန်ဖြေစမ်းပါဟာ...’

‘ယွင်ရှီး နင်ဘာဖြစ်နေတာလဲ။အဆင်ပြေလား..’

‘အဆင်ပြေတယ်။နင်သာဖြေပေးရင်..’

‘အိုခေ ငါပြောမယ်။ယွဲ့ကနင့်ကိုကြိုက်ဖူးတယ်။ငါတို့လည်းဝိုင်းလှော်ဖူးတာပဲ။နင်ကိုက မသိသလို၊မမြင်သလိုလုပ်နေခဲ့တာ။တက္ကသိုလ်ရောက်တော့လည်း ငါတို့music teamကကောင်မလေး နင်မှတ်မိလား...ငါခေါ်ခေါ်လာတာ။အဲ့တစ်ယောက်လည်း နင့်ကိုကြိုက်ဖူးတယ်။နောက်ထပ်ရှိသေးတယ်ယွင်ရှီး...မိန်းကလေးတွေမို့ အရမ်းသိသိသာသာလုပ်မပြခဲ့တာရယ်၊ဖွင့်မပြောခဲ့တာရယ်ပဲရှိတာ။နင့်ကိုယောကျာ်းလေးတွေချည်းပဲ လိုက်နေခဲ့တာမဟုတ်ဘူး။ယောကျာ်းလေးတွေကပဲ ဖွင့်ပြောခဲ့လို့နင်သိတာ။တကယ်ဆို နင်ကဒါတောင်မသိမမြင်ရအောင် အရမ်းတုံးအ,နေတဲ့လူမဟုတ်ဘူးကွာ...သိလား။ဟိုကောင်ကျန်းဝေဆို နင့်ကိုasexualများလားလို့တောင် ပြောတဲ့အထိပဲ။တကယ်က နင်လုံးဝမချစ်တတ်တာလည်း ဖြစ်နိူင်သလို တဖက်ကခံစားချက်ကို လုံးဝမမြင်တာလည်းဖြစ်နိူင်တယ်...ဒါပေမဲ့ယွင်ရှီး နင်သေချာစဥ်းစားကြည့်ပါလား...နင့်စိတ်ကိုနင်အမှန်တိုင်းလက်ခံကြည့်ပြီးလေ။နင့်အဲ့လူတွေရဲ့ခံစားချက်ကို မတုံ့ပြန်ချင်ရုံသပ်သပ် မသိချင်ယောင်ဆောင်ခဲ့တာများလား...’

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now