🍯 (၅)

583 116 15
                                    

Unicode

“Cheers! ”

သူ့ရဲ့ရေသန့်ပုလင်းနဲ့ ကိုယ့်ရဲ့ဒိန်ချဥ်ဘူးတိုက်လိုက်ရုံပါပဲ။ပိုကဲလိုက်ရမှကျေနပ်တဲ့လော်ယွင်ရှီးပီပီ သီးသန့်cheersလိုက်ခြင်း။ကိုယ့်ဒိန်ချဥ်ဘူးဆိုတဲ့နေရာမှာလည်း ကိုယ့်ဒိန်ချဥ်ဘူးအစစ်မဟုတ်။ဟိုတခါကျွန်တော်ဝယ်တိုက်ဖူးလို့ ဒီတခေါက်သူပြန်တိုက်တာပါတဲ့။အရင်တခါတုန်းက သစ်ပင်ရဲ့ကွပ်ပျစ်ဝိုင်းကြီးဟာလည်း အရင်တခါလိုပဲ သူရယ်ကိုယ်ရယ်နှစ်ယောက်အပြင်တခြားမရှိ။

“မင်းကဘာလို့ရေပဲသောက်တာလဲ”

“dietမို့ ”

ဒီအရပ်နဲ့ဒီခန္ဓာကိုယ်ကမျှတနေပါပြီ။ဘာတွေထပ်ပိန်ချင်နေပါလိမ့်။ဒါမှမဟုတ် ခုခေတ်ကလေးတွေကပဲ အလှအပရေးရာကိုအာရုံစိုက်လွန်းနေတာလား။ခုခေတ်ကလေးဆိုလို့ သူ့ကြည့်ရတာလည်း ကျွန်တော်နဲ့အရမ်းကွာမယ့်ပုံမပေါ်ပါဘူး။လွန်ရောကျွံရော သုံး၊လေးနှစ်ပေါ့။

“မင်းဘယ်အတန်းရောက်ပြီလဲ ”

“အဲ့တာကအရေးကြီးလို့လား ”

“လိုတာပေါ့ မင်းကကျွန်တော့်ထက်သုံးနှစ်လောက်တော့ငယ်မှာပဲ ”

“ဘာနေနေအသက်ပြည့်ပြီးသွားပြီ၊ အဲ့လိုပဲသိထား ”

စကားပြောပုံကိုက ကြီးကြီးကျယ်ကျယ်နဲ့။ဘယ်လိုဟာလေးမှန်းမသိ။

“ကျွန်တော်ဆို အသက်ပြည့်ပြီးတာတောင် အရက်မသောက်ရဘူးကွ၊ လူ့အခွင့်အရေးတအားဆုံးရှုံးတာပဲ ”

“တက္ကသိုလ်ကျောင်းသားကလေ ..”

ကျွန်တော်က စိတ်ပျက်လက်ပျက်အမူအရာနဲ့ခေါင်းညိတ်ပြတော့ ထပ်မေးသည်။

“မိဘကွယ်ရာဆိုရင်တောင်လေ...”

မယုံသင်္ကာနဲ့ထပ်မေးလာတဲ့စကားကြောင့် ဒုတိယံမိခေါင်းထပ်ညိတ်ပြလိုက်သည်။

“အိုင်ရင်းလေ သိတယ်မလား၊အမြဲတွဲဘောကြီးလိုလိုက်နေတာလေ။အဲ့တာမေမေ့ရဲ့သူလျှိူပေါ့”

တကယ်လည်း အိုင်ရင်းကမေမေ့သူလျှိူအစစ်မှအစစ်၊ရေလုံးဝမရောဘူး။ကျွန်တော့်အနားကို မရိုးမသားကပ်လာသမျှကို လျှပ်စစ်ခြင်ရိုက်တံနဲ့ခြင်ရိုက်သလိုကို လက်ကောခြေကောပါးစပ်နဲ့ပါမကျန် ကာကွယ်တာ။တဖောက်ဖောက်မမြည်ရုံတမယ်ပဲ။အဲ့လိုပဲ ကျွန်တော်ကစပြီးလည်း မဟုတ်တာမလုပ်ရဲ။ယောကျာ်းလေးဘော်ဒါတွေနဲ့ ဘားတစ်ခါသွားဖို့လုပ်တာတောင် သူမိသွားလို့မသွားလိုက်ရတဲ့အပြင်  မေမေ့ကိုပါသံတော်ဦးလှမ်းတင်လို့  အဆောင်ထိတကူးတကလာရိုက်တာခံလိုက်ရတာ ခုထိမှတ်မိသေး။တခြားဘော်ဒါတွေကပြောရှာတယ်။‘အိုင်ရင်းကမင်းကိုကြိုက်နေတာလား၊ဒါမှမဟုတ်လူကြီးချင်းသဘောတူထားတာလား’တဲ့။အဲ့တာကို သူ့ပြန်ပြောတော့ ခပ်တည်တည်မျက်နှာပေးနဲ့ ‘နင်ကောအဲ့လိုထင်လား’တဲ့။‘မထင်ဘူး’ဆိုတော့ ‘အဲ့တာပဲလေ နင်ကငါ့သားအကြီးဆုံးဟာကို  မရိုးမသားဖြစ်စရာလား’ဆိုပဲ။တကယ်ကိုဗရုတ်မ။ခုထိလည်း ရေရေရာရာကြိုက်မိတဲ့လူရယ်လို့မရှိ။ဟိုကောင်လေးကိုကြိုက်လိုက်၊ပါသွားလိုက်။ဒီidolကိုအိုစီ(သူ့အခေါ်)လိုက်နဲ့ကျင်လည်နေတာ။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now