🍯 (၆)

567 115 6
                                    

Unicode

မနေ့ကမွှန်မွှန်ထူထူနဲ့ အိမ်ကိုဘယ်လိုပြန်လို့ပြန်ရောက်လာမှန်းမသိ။အိမ်မက်ထဲမှာလမ်းလျှောက်ရသလို၊ မွှေ့ထူထူပေါ်နင်းလျှောက်ရသလို ခံစားမှုမျိူးနဲ့ အိမ်အထိအန္တရာယ်ကင်းကင်းရောက်လာတာပဲကျေးဇူးတင်ရမည်။မောင်မင်းကြီးသားကတော့ ဘယ်၍ဘယ်ချမ်းသာတောင်းပန်ကြောင်းဘာညာလည်းလိုက်မပြော။တကယ်ဆိုရင်လည်း လုပ်ချင်လို့တမင်တကာလုပ်လိုက်တာပဲလေ၊ဘာတောင်းပန်နေဦးမှာလဲ။အဲ့ဒီမချိူမချဥ်မျက်နှာပေးကိုခုထိ ကွက်ကွက်ကွင်းကွင်းမှတ်မိနေသေးသည်။ဘာတဲ့ ‘ချိူဆိမ့်နေတာပဲ’ဆိုပဲ။ချိူဆိမ့်မှာပေါ့၊သင်းထအော်လို့ သီးထားတဲ့ဒိန်ချဥ်တွေသုတ်မှမသုတ်ရသေးတာ။အော့!!!!
ဒိန်ချဥ်တစ်ဘူးဝယ်တိုက်ပြီး နူတ်ခမ်းနဲ့ရှင်းပေးလိုက်ရတာ တန်ကိုမတန်ဘူး။ဆွဲထိုးခဲ့ရမှာ။ဒါပေမဲ့ ဘာလို့မှန်းကိုမသိဘူး။အဲ့လိုလုပ်ဖို့မေ့နေခဲ့တာလေ။တခါမှမကြုံဖူးလို့ လူကထူပူသွားတာကြောင့်လည်းဖြစ်မယ်။ခုထိလူကလမ်းကောင်းကောင်းလျှောက်မရ။ဒူးတွေတုန်နေလို့်လေ။မနေ့ကတည်းကနေခုအထိ မေမေ့ကိုတောင်နေမကောင်းဘူးအကြောင်းပြပြီး အခန်းထဲခွေနေရတာ။မေမေကတော့ ဆေးခန်းပြမလားမေးပါရဲ့။တကယ်လည်းနေမကောင်းတာမဟုတ်လို့ အဲ့လောက်မဖြစ်ဘူးလို့ပဲပြောထားရတာ။ခုချိန်ကျတော့လည်း လူကအလိမ်စကားတွေချောချောချူချူထွက်နေလို့ ကိုယ့်ကိုကိုယ်တောင်အံ့ဩရတဲ့အထိ။
အလိမ်စကားတွေကို ကိုယ်ဖိရင်ဖိတောင်မသင်ရသေးဘူး၊အလိုလိုထွက်နေပြီ။ကိုယ်ဖိရင်ဖိလည်းမသင်ချင်ပေါင်။သူ့ကိုယ်ကလေးမယ့်ပုံ။နေပါဦး ဘာတွေလျှောက်တွေးနေမိတာလဲ။လော်ယွင်ရှီး သတိကပ်စမ်း!!ရူးနေပြီလား၊မင်းရူးသွားပြီလား။

“ယွင်ရှီးရေ ”

လာပြီ။အိုင်ရင်းမလာပြီ။အချိန်ကောင်းပဲ သူ့ကိုတွေ့ချင်နေတာ။ဒါပေမဲ့ အလိမ်ပေါ်မှာလည်းကြောက်ရသေး။မနေ့က အိမ်မှာအလုပ်များနေတယ်ဆိုပြီးမလာတာကို အရင်ကောရမည်။

“ဝင်လာခဲ့ ”

“ထူးထူးဆန်းဆန်းပါလား ရှီးရီှးရယ်၊အခန်းထဲသာသာကြည်ကြည်ဝင်ခိုင်းလို့ ”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now