🍯 (၄)

621 120 3
                                    

Unicode

မနက်မိုးလင်းပြီဆိုကတည်းက တကျီကျီလာလုပ်နေတာ ခုညနေ၃နာရီကျော်တဲ့အထိ။ရေချိူးခန်းထဲဝင်တဲ့အချိန်ပဲ နားပူသက်သာရာရသည်။ညကအိပ်ရေးပျက်ထားတာကြောင့် လူကငြီးစီစီဖြစ်နေတာမို့ ဘယ်မှမသွားချင်။ဒါလည်းမရ။တွဲဘောကြီးလို့ သွားလေရာလိုက်နေတာမို့

“အိုင်ရင်း!!!သေမလိုဖြစ်နေတာလား”ဆိုတော့

“အေး”တဲ့။

တကယ်ကိုလက်ကောခြေကောလန်သည်။ဒီမြို့မှာနီးနီးစပ်စပ်မိန်းကလေးသူငယ်ချင်းဆိုလို့ သင်းပဲရှိတော့တာကို ဘုရားကိုကျေးဇူးတင်ရမည်။ကျန်တဲ့ဟာတွေက ကိုယ်စီကိုယ်စီတက္ကသိုလ်အသီးအသီးမှာမို့  ကျောင်းပိတ်ရက်ပြန်လာတာမျိူးလည်း ရှားသည်။သင်းတစ်ယောက်သာ မေဂျာတူ၊ကျောင်းတူလိုက်ယူတာမို့ ဒုက္ခဝဋ်ဆင်းရဲကြီးလို ဘေးကတရိပ်ရိပ်။

“လုပ်ပါ ယွင်ရှီးရာ။စက်ဘီးမစီးရရင် နင့်သူငယ်ချင်းငါသေတော့မလားမသိဘူး ”

ကဲ ကြည့်!..တကယ့်ကိုပေါတောလက်လန်နေတော့တာပဲ။စက်ဘီးစီးဖို့ကို ချဥ်ခြင်းတက်သလိုတက်နေတာမို့  စိတ်မရှည်တဲ့နောက်ဆုံး  ခေါင်းကိုဂွက်ကနဲနေအောင်ခေါက်ပစ်လိုက်သည်။

“တခြားယောကျာ်းလေးနဲ့ မသွားချင်တာထားတော့၊နင့်မှာမိန်းကလေးသူငယ်ချင်းတွေရှိတာကို...သူတို့နဲ့သွားပါလား။ဒါမှမဟုတ်ရည်းစားထားလိုက်ဟာ၊ ဟင်း....ငါစိတ်နဲ့ကိုယ်နဲ့လည်းညစ်ပါတယ်”

အခေါက်ခံရတာသူပေမဲ့ ထိုင်ငိုပစ်လိုက်ချင်တာကကိုယ်။

“သူငယ်ချင်းလေးရာ သွားကြမယ်လို့၊နော်...မိန်းကလေးသူငယ်ချင်းတွေက အိမ်ကမလွှတ်ဘူးဆိုတာနဲ့၊ဘဲကမလွှတ်ဘူးဆိုတာနဲ့ချည့်ပဲ။နင်ကျအိမ်လည်းပိုင်၊ဘဲ..အဲ..ရည်းစားလည်းမရှိလေ”

မျက်ထောင့်ချိူးပြီးကြည့်ပြလိုက်တော့ တဟဲဟဲနဲ့အချိူသတ်ပြသည်။

“သွားမယ်ဆို ခဏစောင့် အဝတ်လဲဦးမယ် ”

အခန်းပြင်ကို တွန်းထုတ်လိုက်တဲ့အထိမျက်နှာချိူးကမပြေ။တခါတလေများဆို အားရပါးရခေါင်းကိုဒိန်ဒိန်မြည်အောင်ခေါက်ပစ်ချင်သည်။
-
-
-
-
ကမ်းနားကိုရောက်တော့ တခြားစက်ဘီးစီးတဲ့လူတွေရော၊ထြေရာလေးပါးစကားလာထိုင်ပြောတဲ့အတွဲတွေ၊အဖွဲ့တွေရောနဲ့ တော်တော်စည်ကားနေပြီ။ညနေသုံးနာရီခွဲစွန်းစွန်းအချိန်က နေ,ကျချိန်မို့ အချိန်ကောင်းဖြစ်တာကြောင့်လည်းပါမည်။ကျွန်တော်တို့မြို့ကလေးက မြို့လို့အမည်တပ်ရအောင်တောင် မြို့မမည်ပါ။နွေးနွေးထွေးထွေးနဲ့ တကယ့်ကိုမြို့သေးသေးလေး။ပြီးတော့ပင်လယ်ကြီးလည်းရှိသေးသည်။
တောင်စောင်းကိုတဝက်ဖြိုပြီးဖောက်ထားတဲ့လမ်းက ပင်လယ်ကမ်းစပ်နဲ့ဆို ခြောက်ပေကျော်ကျော်လောက်အထိမြင့်ပြီး ကမ်းပါးသဖွယ်ဖြစ်နေသည်။တခြားမြို့တွေနဲ့ဆက်စပ်ထားတဲ့လမ်းမဟုတ်ဘဲ သီးသန့်လမ်းကလေးမို့ ကားအသွားအလာတော့တော်တော်ရှင်းလင်းသည်။ယာဥ်မောင်းရတာနည်းနည်းအန္တရာယ်ရှိတဲ့နေရာပေမဲ့ ဒီတဝိုက်မွာသာ လူပိုစည်ပြီး စက်ဘီးစီးတဲ့လူတွေလည်း ဒီနေရာကိုသာအာရုံကျ,ကျသည်။ အန္တရာယ်ရှိတာကိုမှ လုပ်ချင်ကိုင်ချင်ကြတာက လူ့သဘာဝမို့ထင်သည်။ကျွန်တော်ကတော့ အန္တရာယ်ရှိမယ်လို့ထင်ရင် ရှောင်ကွင်းသွားလိုက်တာပါပဲ။ စိတ်ကိုရော၊ခန္ဓာကိုယ်ကိုပါ ထိခိုက်မယ့်လမ်းကို ဘယ်တော့မှမရွေး။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now