🍯 (၂၂)

415 85 7
                                    

Unicode

"လမ်းကိုကောင်းကောင်းလျှောက်စမ်းကွာ"

ခြေထောက်တွေကိုရှေ့တလှမ်းလှမ်းလိုက်တိုင်း လေးဆယ့်ငါးဒီဂရီလောက်လေပေါ်မြောက်အောင်လုပ်ပြီးလျှောက်နေတာမို့ဟန့်လိုက်ခြင်းသာ။သူ့ဘာသာလျှောက်ရင်ကိစ္စမရှိဘူး။ခုကကိုယ့်ကိုလက်တွဲထားတော့ သူ့ခြေလှမ်းကျယ်ကြီးတွေကိုအမှီလိုက်နေရသလို၊ ပေါတောတောနိူင်သလိုလည်းခံစားရတာမို့။

"ပျော်လို့"

ပါးမို့မို့တွေထင်းနေအောင်ပြုံးရင်းပြောလာတဲ့စကားက ပျော်လို့ပါတဲ့။

"ရည်းစားမထားဖူးမှန်းသိသာချက်။တောသား"

ကောင်ကလေးက အဲ့လိုပြောလာတော့စိတ်ထဲကိုတမျိူးတမည်ခံစားချက်က ရိပ်ကနဲတိုးဝင်လာပေမဲ့ အခွင့်အရေးရတုန်းနှိပ်ကွပ်လိုက်တော့ တစ်ခွန်းမခံဘဲ ပြန်ပြောရှာသည်။

"အစ်ကိုရောထားဖူးလို့လား"တဲ့။

ဒါတော့ဟုတ်တယ်။ကျွန်တော်လည်းမထားဖူးဘူး။ဒါပေမဲ့သင်းလောက်တော့ သရုပ်မပျက်ပါဘူး။သူ့ပုံစံက မေမေဖွင့်လေ့ရှိတဲ့ခေတ်ဟောင်းစတူဒီယိုသီချင်းတစ်ပုဒ်ထဲကစာသားလိုပဲ၊တဖက်သတ်ကြိတ်ပိုးနေရတဲ့သူကအဖြေပြန်ပေးလိုက်လို့ ထမင်းမစားဘဲဗိုက်ဝနေပြီး ထီပေါက်သလိုပျော်တယ်ဆိုတာလေ။ခုကော ကောင်ကလေးကထီပေါက်သလုိကိုပျော်နေတာများလား။
တကယ်တော့ ဒီနေ့ကကျွန်တော်တို့ရဲ့ပထမဆုံးဒိတ်။အဖြေပေးပြီးတဲ့နေ့ကတည်းက ကျွန်တော်တို့နှစ်ယောက်မတွေ့ဖြစ်တာနှစ်ရက်ကြာသွားသည်။သူကတော့နေကောင်းသွားပေမဲ့ အိမ်ပြင်မထွက်ခိုင်းသေးတာမို့မထွက်ရသလို ကျွန်တော်ကလည်းခြေထောက်ပြန်နာသွားတာမို့ နှစ်ရက်လောက်နားလိုက်ရတာ။

"မင်း၊ ခုဘယ်လောက်ပျော်လဲ။ထီပေါက်တာလောက်ပျော်လား"

ကျွန်တော်ကမေးလိုက်တော့ မျက်မှောင်ကြုတ်ပြီးလှည့်ကြည့်သည်။

ဘာလဲဟ.. ဘာအမှားပါသွားလို့လဲ။

"ထီပေါက်တာကိုဒီလိုရုပ်ပျက်တဲ့အထိပျော်စရာလား...ခုလိုအစ်ကို့လက်ကိုချိတ်ပြီးလျှောက်သွားရတယ်ဆိုတာ တကယ်ဖြစ်လာမယ်တောင်မထင်ဖူးဘူး"

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now