🍯 (၁၆)

400 91 4
                                    

Unicode

နှစ်ယောက်သားသွားလက်စလမ်းကို ဆက်မသွားတော့ဘဲ လူနည်းနည်းရှင်းတဲ့လမ်းသွယ်လေးတစ်ခုထဲက ကွေ့ပြီးဝင်လာလိုက်သည်။အဲ့ကနေမှ ဆိုင်တန်းအနောက်ဖက်တွေကနေ ကွေ့လျှောက်လိုက်တော့ လူတိုးစရာမလိုဘဲ မုန့်စျေးတန်းတွေဘက် ရောက်သည်။
မုန့်စျေးတန်းကထင်ထားတာထပ် လူပိုများတာမို့ အိုင်ရင်းတို့ကိုရှာမတွေ့။ဆိုင်တွေမှာကြိတ်ကြိတ်တိုးနေတဲ့အပြင် တချိူ့ဆိုင်တွေမှာဆို ဆိုင်ရှေ့တွေအထိပါစောင့်နေကြတာမို့ ထိုသူတွေနဲ့ရောပြီးတန်းမစီချင်တော့။အစကတည်းက အစားတလုတ်အတွက် အပင်ပန်းခံချင်တဲ့လူမဟုတ်တော့ ထပ်သာလျှောက်လာလိုက်သည်။ဆိုင်ကြီးအတန်းတွေကျော်လာတော့ လူကသိပ်မကြပ်တော့။

“အစ်ကို ဘာစားချင်လဲ”

“ဟင့်အင်း။လူရှုပ်လွန်းလို့  အစားစာချင်စိတ်တောင်ပျောက်တယ်”

ခပ်ညည်းညည်းလေးပြောလိုက်တော့ ကောင်ကလေးက စာနာသလိုမျက်နှာထားနဲ့ ခပ်လေးလေးပြုံးပြီး ကြည့်လာသည်။

“အာတာပူစီစားမလား”

“ဟမ်”

ရုတ်တရက်မေးတာမို့ ပြူးကြောင်ကြောင်လှမ်းကြည့်တော့ ရှေ့ကိုမေးဆတ်ပြသည်။သူမေးဆတ်ပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့ အာတာပူစီဆိုင်တစ်ဆိုင်ကို တွေ့သည်။ထိုက်သင့်သလောက်လူစည်နေပေမဲ့ ရောင်းသူကသုံးယောက်လောက်မို့ လူအများကြီးစောင့်စရာမလို။စိတ်မကြည်နေတဲ့အချိန်မို့ အချိူကိုလိုအပ်သလို၊ သက်တံ့ရောင်စုံအာတာပူစီတိမ်စိုင်ကြီးတွေကလည်း ဆွဲဆောင်မှုပြင်းထန်နေသည်။

“စားမယ်၊အဲ့တာပဲ စားမယ်။ဒါနဲ့  မင်းရော..”

စားမယ်ပြောပြီးမှ ကောင်ကလေး dietလုပ်နေတုန်းပဲလားလို့ သတိရသွား၍ မေးမိလိုက်သည်။

“အစ်ကိုစားလေ”

ပြုံးပြုံးလေးပဲ ပြန်ဖြေလာသည်။အဲ့လိုကြီးကျတော့လည်း မကောင်းပါဘူး။ကိုယ်ကျစားပြီး သူကျမစားရရင်။မရမနေစားခိုင်းရင်တော့ ကိုယ်စိတ်ချမ်းသာအောင်စားပေးမှာသိပေမဲ့ အဲ့လိုလည်းမလုပ်ချင်။အာတာပူစီက သကြားချည်းပဲဟာကို။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now