🍯 ( ၅၆) - FINAL

686 76 13
                                    

Unicode

ဟိုတယ်ထဲကပြန်ထွက်လာပြီး ဘယ်ကိုသွားရမလဲ ကျွန်တော်မစဥ်းစားတတ်။အိမ်ကိုလည်း မပြန်ချင်သေးပါ။ဟိုဟိုဒီဒီစဥ်းစားမရတဲ့အဆုံး ကားမှတ်တိုင်မှာ ထိုင်နေရင်း လမ်းမတစ်လျှောက်သွားလာနေတဲ့ကားတွေကိုပဲ အကြောင်းပြချက်မရှိဘဲကြည့်နေမိသည်။

ကျွန်တော့်အနာဂတ်ကတော့ ရေရေရာရာမရှိတော့ပါ။ကိုယ့်ကိုယ်ကိုယ်တောင် မသိတဲ့လူက တခြားဘာတွေကိုထပ်သိနေဦးမှာလဲ။အလုပ်မှာလည်း ယုံကြည်ရလောက်တဲ့အရည်အချင်းမရှိ။ချစ်သူအပေါ်မှာလည်း ကောင်းကျိူးတစက်မှမပေး။သူ့ဘဝကို ဟိုးအောက်ဆုံးထိဆွဲချပြီး ကိုယ့်ဘဝနဲ့တန်းညှိပစ်ချင်တဲ့ခပ်ညံ့ညံ့စိတ်ဓာတ်နဲ့လူ။တကယ်ဆို ကောင်ကလေးကချစ်ပေးဖို့တောင်မတန်တဲ့လူ။

ဖုန်းမျက်နှာပြင်က လင်းလာတာမို့ ကောင်ကလေးများပြန်ဆက်သလားလို့ကြည့်လိုက်တော့ ကောင်ကလေးမဟုတ်။စီနီယာဆက်ခြင်းသာ။အလုပ်ထုတ်ဖို့ကိစ္စပဲနေမှာပေါ့။

'ဟဲလို'

'ဟဲလို ယွင်ရှီးအဆင်ပြေလား..ကလေး'

တနေကုန်အကြားရဆုံးစကားကတော့ အဆင်ပြေလားဆိုတာချည်းပဲ။ကြားရလွန်းအားကြီးလို့ မုန်းတီးလာတဲ့အထိ အဆင်မပြေဘူးလို့ တလောကလုံးကြားအောင်သာ အော်ဟစ်ပစ်လိုက်ချင်သည်။

'ဟဲလို ယွင်ရှီး နားထောင်နေလား'

'ဟုတ် နားထောင်နေပါတယ် စီနီယာ..'

'အား...တော်ပါသေးရဲ့။အစ်မကိုအရမ်းစိတ်ဆိုးနေပြီထင်ထားတာ..'

'စီနီယာ့ကိုကျွန်တော်ကဘာလို့စိတ်ဆိုးရမှာလဲ..'

တကယ်နားမလည်လို့ မေးလိုက်ခြင်းသာ။

'ဒီနေယွင်ရှီးဆူခံရတဲ့ကိစ္စ..'

စီနီယာကစကားကိုခဏဖြတ်ရင်း သက်ပြင်းချသည်။

'အစ်မကြောင့်ပါ။အစ်မ မနေ့က ဓမ္မတာကိစ္စကြောင့် နည်းနည်းနေမကောင်းဘဲ အလုပ်မှာအလွဲအချော်ဖြစ်သွားတာကြောင့်ပါ။အစ်မက ယွင်ရှီးကိုပြန်စစ်ခိုင်းမလို့ ယွင်ရှီးရဲ့စားပွဲပေါ်တင်ထားတဲ့စာရွက်တွေနဲ့အတူရောထားလိုက်ပြီး ခွင့်သွားတိုင်လိုက်တာ။အစ်မလည်းမသိခဲ့ဘူး။အဲ့တာယွင်ရှီးအချောသတ်စစ်ပြီးသား စာရွက်တွေမှန်း။ခုအစ်မလစ်ဟာမှုကြောင့် လူကြီးတွေအထိရောက်သွားပြီး ဌာနမှူးက ယွင်ရှီးကို ရစရာမရှိအောင်ဆူလိုက်တယ်ဆို။အစ်မကို ရှောင်ရွှမ်ဖုန်းလှမ်းဆက်တာ။အစ်မရုံးကိုသွားပြီး လူကြီးတွေကို အစ်မအပြစ်မှန်းဝန်ခံလိုက်ပြီးပြီ။ခုယွင်ရှီးကိုလှမ်းတောင်းပန်တာပါ..'

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now