🍯 (၇)

520 108 13
                                    

Unicode

ဒါဟာဘုရားက ကျွန်တော့်အပေါ်မျက်နှာသာပေးတဲ့နေရာမှာ လွှဲချော်မှုတစ်ခုဖြစ်သွားတယ်လို့ဆိုရမယ့်ပုံပင်။ရှင်သန်လာခဲ့တဲ့၂၁နှစ်တာကာလမှာ ဆော်ကွင်းဂမုန်းပင်လေးရယ်လို့ ကိုယ့်ကိုကိုယ်သမုတ်ပေမဲ့ သူငယ်ချင်းတွေကတော့ အားရဝမ်းသာနဲ့ထော်ပနာပြုကြတယ်။‘ဘဲကြည်ကောင်’တဲ့။
ဟုတ်ပါတယ်။ကျွန်တော်,လော်ယွင်ရှီးက အင်မတန်ကို စန်းပွင့်လွန်းသူပါ။ဒါပေမဲ့ အဲ့စန်းကမိန်းကလေးတွေပေါ်မှာတော့သက်ရောက်ပုံမပေါ်ပါဘူး။မေမေကိုယ်တိုင်ကိုက အိုင်ရင်းကိုလက်ထောက်ထားရတဲ့အထိ ပေါက်ပေါက်မြောက်မြောက်စန်းပွင့်မှုမျိူးပါ။တွဲသမျှမိန်းကလေးသူငယ်ချင်းတွေနဲ့လှော်ပေးလည်း အချိန်တန်ဟိုကရည်းစားရ၊သူ့သားကကျန်ရစ်ဖြစ်နေတာမို့ ကြာတော့လက်လျှော့သွားဟန်နှင့် ကာကွယ်ဖို့ပဲကြိုးစားတော့တဲ့အထိ။အိုင်ရင်းဆိုရင်လည်း ကျွန်တော်ရဲ့ယောကျာ်းလေးသူငယ်ချင်းမှန်သမျှကို မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး ဘယ်သူနဲ့မှစိတ်မချ။ပြောသေးသည်။နင်က နင့်စိတ်နဲ့တွေးပြီးခင်မင်ပေါင်းသင်းနေပေမဲ့ ဟိုကောင်တွေကိုငါစိတ်မချဘူးတဲ့။ခုတော့ သူဝပ်ဖွက်ထားတဲ့ခြင်းထဲကကြက်ဥလေးကို သူများအကောင်ဖောက်ခံရတာတောင် မသိရှာတဲ့အဖြစ်။

တကယ်တော့ အိုင်ရင်းကအငိုက်မိသွားတာလို့ပြောရင်ပိုမှန်မည်။ဘာလို့ဆို ဟိုကောင်ကလေးက ကိုယ်နဲ့မျက်နှာစုံညီတွေ့ဖူးတာဖြင့် လေးခါ၊တပတ်တောင်မပြည့်သေးတဲ့ကာလမှာ ရွှေ့သွားတဲ့အကွက်ဆိုတာ လှစ်ကနဲပဲ။နောက်တခါသာဆို သူ့အိပ်ခန်းထဲထိ ခေါ်များသွားမလားမသိ။တွေးရင်းကြက်သီးထလာသလိုလို။နမ်းတဲ့ကိစ္စသာ အိုင်ရင်းသိရင် မလွယ်၊အိုင်ရင်းကနေမေမေဆီရောက်၊မေမေကနေသွားပြဿနာရှာရင်မလွယ်ဘူး။ဘာဖြစ်လဲ၊ ပြဿနာရှာလည်း သူအမှားလုပ်ထားလို့ပဲဟာကို။ဒါပေမဲ့ဒီအရွယ်ရောက်နေပြီ ကိုယ့်ပြဿနာတောင် ကိုယ်မရှင်းနိူင်တဲ့လူ၊မိဘကိုအားကိုးတဲ့လူလို့ထင်သွားမလား။ထင်တော့ကောဘာဖြစ်လဲ။သူ့အထင်အမြင်တွေကို လိုအပ်နေတဲ့လူမှမဟုတ်တာ။ အာ မသိတော့ဘူး။ဒီကောင်ကလေးနဲ့မှဘဲ  တသက်လုံးမျက်တောင်မွှေးတစ်ဆုံးပဲတွေးလာခဲ့တဲ့လူက စကြာဝဠာတဆုံးထိပူပန်နေရပြီ။
စိတ်ရှုပ်ရှုပ်နဲ့ရင်ဘက်ပေါ်တင်ထားတဲ့ခေါင်းအုံးကို ခြေရင်းကနံရံဆီ ပစ်ပေါက်လိုက်သည်။
အိပ်လိုက်ရင်တော့ နည်းနည်းများသက်သာသွားမလား။အိပ်မယ်စိတ်ကူးရင်း ခြေရင်းမှာပုံလျှက်ကျနေတဲ့ခေါင်းအုံးကို သွားကောက်ပြီးပြန်လာတော့ phone screenကလင်းလာတာနဲ့ကြုံသည်။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now