🍯 (၃၃)

317 66 0
                                    

Unicode

နေရင်းထိုင်ရင်းလှုပ်ရှားရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ကျောင်းပိတ်ရက်ကာလတွေဟာ ကုန်လွန်ခဲ့သည်။ကျွန်တော်နဲ့အိုင်ရင်းလည်း အဆောင်ပြန်ဝင်ခဲ့ရသလို ကောင်ကလေးကလည်း သူပြောဖူးတဲ့အတိုင်း castingအရွေးခံဖို့အတွက် ရှန့်ဟိုင်ကိုသွားခဲ့သည်။
အစောပိုင်းကာလတွေမှာတော့ ညတိုင်းဖုန်းပြောဖြစ်ကြသလို အားတဲ့အချိန်တိုင်း video callပြောဖြစ်ကြသည်။ထူးထူးခြားခြားမဟုတ်တဲ့သာမာန်တနေ့တာကိစ္စလေးတွေတောင် အပြန်အလှန်messageပို့ကြရင်းနဲ့ ကျွန်တော်တို့ရဲ့ long distance relationshipဟာအဆင်ပြေပြေရှိခဲ့ပါသည်။busနောက်ကျလို့ အရေးကြီးအတန်းချိန်လွတ်တဲ့နေ့တွေအကြောင်း၊လမ်းထိပ်marketမှာ ဒိန်ချဥ်တွေလျှော့စျေးနဲ့ရတဲ့အကြောင်းကစလို့ အိုင်ရင်းတို့နှစ်ယောက်စေ့စပ်သွားပြီဆိုတဲ့အကြောင်းတွေကိုပါ ကျွန်တော်ကပြောဖြစ်သလို ကောင်ကလေးကလည်း သူ့ပထမဆုံး castingအရွေးခံရလို့ ရိုက်ကွင်းဝင်နေရပြီဆိုတဲ့အကြောင်း၊ ကျောင်းနဲ့အလုပ်ကိုမျှတအောင်လုပ်နေရတယ်ဆိုတဲ့အကြောင်း၊သူတို့မောင်နှမတွေ projectတစ်ခုလုပ်ဖို့စီစဥ်နေတဲ့အကြောင်းတွေနဲ့အတူ နေ့တဓူဝသူ့ရဲ့မအားမလပ်တဲ့အချိန်ဇယားတွေကြားမှာပဲ ကျွန်တော့်အတွက်အချိန်ဖဲ့ပေးကာ အဆင်ပြေလား၊စာလိုက်နိူင်လားဆိုတဲ့messageလေးတွေနဲ့ စကားဝိုင်းလေးကိုစိုပြေစေခဲ့သည်။နေ့ရက်တိုင်းမှာ မပါမဖြစ်တဲ့စကားကတော့ ကျွန်တော့်ကိုအရမ်းလွမ်းနေကြောင်း၊ သိပ်မကြာခင်လာတွေ့မယ်ဆိုတဲ့အကြောင်းပါပဲ။

"ဟဲ့ ဘာတွေငေးနေတာလဲ"

ပုခုံးကိုပုတ်ရင်းမေးလိုက်တဲ့အိုင်ရင်းကြောင့် ကျွန်တော့်စိတ်အစဥ်က လက်ရှိကာလကိုပြန်ရောက်သည်။ဒီနေ့က နေ့တစ်ပိုင်းပဲအတန်းချိန်ရှိတာမို့ ညနေပိုင်းမှာအိုင်ရင်းနဲ့အတူမြို့ထဲထွက်လည်ရင်း မုန့်ဝင်စားနေကြတာဖြစ်သည်။

"ကောင်ကလေးအကြောင်း"

"အင်..ဘာဖြစ်လို့လဲ"

"ဒီရက်ပိုင်းအလုပ်တွေရှုပ်နေလို့လားမသိဘူး။messageလည်းမပို့ဘူး။ဖုန်းလည်းမဆက်ဘူး"

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now