🍯 (၃၉)

328 66 4
                                    

Unicode

အခန်းထဲဝင်တယ်ဆိုရင်ပဲ အိပ်မှုန်စုံဝါးရုပ်နဲ့ကျန်းဝေက ကျက်သရေမရှိစွာဆီးကြိုနေသည်။

“ရထားထွက်သွားပြီလား”

အင်္ကျီထဲကိုလက်လျှိူသွင်းကာ ကုတ်နေရင်းက လှမ်းမေး၏။

“အင်း..”

“ကျန်းဝေ..ငါ..”

ကောင်ကလေးနဲ့ကျွန်တော့်ကိစ္စကို ကျန်းဝေသိသြားပြီဆိုတော့ ဘယ်ကနေဘယ်လိုစပြောရမှန်းတောင်မသိဘူး။မင်းကိုမပြောချင်လို့မဟုတ်ဘူး၊ငါယုံကြည်ချက်မရှိသေးလို့,လို့ပြောလိုက်ရမလား၊မင်းအနေခက်မှာစိုးလို့၊ငါ့ကိုမခင်တော့မှာစိုးလို့ဆိုပြီးပဲ ပြောလိုက်ရမလား။

“ကျန်းဝေတွေ ငါတွေလုပ်မနေနဲ့ သားကြီး။မင်းကြောင့်ငါတော်တော်ဂါနေတာနော်။ညကဟိုကောင်တွေအခန်းကိုသွားအိပ်ရတာ လုံးဝအဆင်မပြေဘူးကွာ..ဒီကောင်တွေ တစ်ညလုံးမီးဖွင့်အိပ်တာ။လွန်ကိုလွန်တယ်”

ကျန်းဝေကခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ဘာမှမဖြစ်ခဲ့တဲ့ပုံမှန်နေ့လိုပဲ ပြောဆိုနေသည်။

“ကျန်းဝေ..ညကငါ..”

“အေး..ကိုယ့်အကြောင်းကိုယ်သိတယ်မလား..မင်းဘုန်းမီးနေလတောက်တာ ကိစ္စမရှိဘူး မနေနိူင်တဲ့ဟိုတစ္ဆေဘုရင်မက နားပူနားဆာလာတိုက်တော့ ဒီနတ်ဘုရားကကိုယ်ကျိူးစွန့်ဒုက္ခခံရရော”

သူဖတ်နေကျ ကျင့်ကြံရေးတွေ၊နတ်ဘုရားတွေပါတဲ့ဝတ္ထုတွေထဲကစကားတွေ ယူသုံးနေတဲ့ကျန်းဝေတစ်ကောင်ကို စိတ်ပျက်ပျက်နဲ့ပဲ ကြည့်နေပေးလိုက်သည်။

“အဲ့တာမို့ ဒီမနက်စာမင်းတာဝန်ယူ”
-
-
-
-
“ဟဲ့ကောင်တွေအစားဆို သူငယ်ချင်းတွေဘာတွေမမြင်တော့ဘူးနော်”

အိုင်ရင်းကရောက်တယ်ဆိုတာနဲ့ ကျန်းဝေလက်ထဲက ပါးစပ်ထဲရောက်လုနီးနီး sandwichကို ဖြတ်လုပြီး သူ့ပါးစပ်ထဲအရင်သွင်းသည်။ပြီးမှထိုင်ခုံအလွတ်မှာဝင်ထိုင်ပြီး ကျွန်တော်တို့နှစ်ယောက်ကိုမျက်စောင်းထိုးရင်းဆူ၏။

“နင်အလှပြင်နေတာမလား။ငါအစောကြီးထဲက စာပို့ထားတာကို”

“မိန်းမပဲ ကိုယ့်ကိုယ်ကိုယ်လှအောင်မွမ်းမံတာအပြစ်လား”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now