🍯 (၂၃)

361 76 6
                                    

Unicode

ကျွန်တော်ကရိုက်လည်းမရိုက်တော့၊နားရွက်ကိုလည်းလိမ်မဆွဲတော့ဘဲ ပင်လယ်ဘက်ကိုတွေတွေကြီးကြည့်ပြီး မျက်နှာတည်တည်နေပစ်လိုက်မှရယ်သံကရပ်သွားသည်။ပြီးတော့ ခေါင်းကိုအရှေ့ကိုတိုးစောင်းပြီး ကျွန်တော့်မျက်နှာကိုကြည့်လာပြန်သည်။ကျွန်တော်ကတော့ သူ့ကိုရှိတယ်လို့ပင်သဘောမထား၊နေမြဲအတိုင်းသာနေ,နေလိုက်သည်။
ခဏကြာတော့ သူ့ဘေးကမုန့်ကိုလှမ်းယူတယ်ထင်ပါရဲ့၊အိတ်သံတကြွပ်ကြွပ်ကြားရပြီးတော့ ကျွန်တော့်မြင်ကွင်းရှေ့ကို Green teaဘူးရောက်လာသည်။ဒီနေ့က green teaကိုဓာတ်ကျနေတာမို့ ဒီကိုမလာခင် မြို့ထဲမှာနာရီဝက်လောက်တန်းစီပြီးဝယ်ခဲ့ရတာ။ greenteaတင်မကဘူး။matcha mousse cakeရယ်၊ matcha brownieရယ်၊ macaroonတွေပါဝယ်လာတာ။အစကစိတ်ကူးထားတာ အဲ့တာတွေအကုန်အားရပါးရစားမယ်ပေါ့။ခုတော့ဟိုအပူတုံးကောင်ကြောင့် တလွဲဖြစ်ကုန်ပြီ။

“အစ်ကို ရေခဲတွေပျော်ကုန်တော့မယ်။သောက်လိုက်လေ”

ကျွန်တော်စိတ်ဆိုးနေမှန်းသိလို့လေသံပျော့ပျော့လေးနဲ့ပြောပေမဲ့ ကျွန်တော်မသိသလိုဘဲနေပစ်လိုက်သည်။ဒီတခါတော့ ကျွန်တော့်အလွန်လုံးဝလုံးဝမဟုတ်ဘူး။အဲ့လိုပြောလို့ အရင်အခါတွေတုန်းကလည်း ကျွန်တော်အလွန်မဟုတ်ဘူး။

“ကျွန်တော်ကအစ်ကို့ကိုရယ်စေချင်လို့စတာပါဗျာ။မကြိုက်ရင် နောက်မစတော့ဘူး...နော်”

ဘယ်သူကကောကြိုက်မှာလဲ။ဒါကစတာကိုမဟုတ်တာ။အရူးလုပ်ခံရတာ။

“ဒီမှာဗျာ...ကျွန်တော့်မှာ ဖေဖေရယ်၊မေမေရယ်၊ ကိုကိုရယ်၊မမရယ်ရှိတယ်။ဖေဖေ့နာမည်က ချန်ခိုင်ကော၊မေမေကချန်ဟုန်၊ကိုကိုက ချန်ယွီအန်၊မမကကျချန်ချူဟွား။ပြီးရင် အိမ်မှာအမြဲတမ်းဝန်ထမ်းက ဟိုတခါအစ်ကိုတွေ့ခဲ့တဲ့အန်တီကျောက်ရယ်၊ဖေဖေ့လူယုံဦးလေးလီရယ်ရှိတယ်။ကျန်တဲ့လူတွေတော့ကျွန်တော်သေချာမပြောတော့ဘူး။အိမ်မှာတင် ၆ယောက်လောက်ရှိတာမို့။ပြီးတော့ဖေဖေက စိုက်ပျိုးရေးခြံတွေရယ်၊ပင်လယ်စာပွဲရုံတွေရယ်လုပ်တယ်။မေမေက မြို့ထဲမှာ အဝတ်ဆိုင်ဖွင့်ထားတယ်။ကိုကိုကလူငယ်ဒါရိုက်တာ။မမကျတော့ မင်းသမီးလုပ်မှာတဲ့။ဒီတောင်ကုန်းလေးကလည်း ဘိုးဘွားပိုင်ပဲ”

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now