🍯 (၁၈)

395 82 12
                                    

Unicode

မြက်ခင်းနဲ့မြေသားရောနှောနေတဲ့နေရာပေါ်မှာ ပလက်စတစ်အခင်းကို ခင်းထားပြီး အလယ်မှာစားပွဲပုတစ်လုံးကို ချထားသည်။စာအုပ်သုံး၊လေးအုပ်ထပ်တင်ထားပြီး ဖယောင်းတိုင်အကြီးတစ်တိုင်ထွန်းထားတာကလွဲရင်တော့ ကျန်တာဘာမှမရှိ။ဘေးပတ်ဝန်းကျင်ကဆိုင်ခန်းမီးတွေကြောင့် ဖယောင်းတိုင်ပဲထွန်းထားပေမဲ့ မှောင်မနေ။

“အစ်ကို ဘာလုပ်မလို့တုန်း”

“ဘယ်သွားနေတာမြင်လဲ”

မျက်မှောင်ကြုတ်ရင်း ဘုဆတ်ဆတ်ပြန်ဖြေလိုက်သည်။
တကတည်း။ကောင်းကောင်းမွန်မွန်နဲ့စိတ်ရှည်ပေးနေတဲ့ကာလက လွန်သွားပြီ။ဗေဒင်ခန်းဆီဦးတည်နေတာမြင်ရဲ့သားနဲ့ ဘာလုပ်ဖို့လဲဆိုတော့ အတင်းပြောမလို့,လို့ဖြေရမှာလား။

“အစ်ကိုမေးမလို့လား”

အား၊ဒီတစ်ယောက်ဘာဖြစ်ချင်နေတာလဲ။

“မဟုတ်ဘူး။မင်းအတွက်”

အရွဲ့တိုက်ပြီးဖြေလိုက်ပြန်တော့လည်း

“တကယ်လား”တဲ့။
စိတ်ပျက်ပျက်နဲ့ခေါင်းကိုခါရမ်းပြီး ဗေဒင်ခန်းဆီသာ မြန်မြန်လျှောက်လာလိုက်သည်။
အကာအရံမရှိဟင်းလင်းမို့ စားပွဲပုလေးရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ ဗေဒင်ခန်းထဲကိုရောက်၏။ကျွန်တော်တို့နှစ်ယောက်ထိုင်လိုက်တော့ အဘွားအိုက မျက်လုံးကိုဖြည်းညင်းစွာဖွင့်ရင်း

“အချစ်ကိုရှာဖွေနေကြတဲ့ လူငယ်လေးတွေပဲ”လို့တန်းပြော၏။ဘုရားရေ..
အချစ်ကိုဘယ်သူကရှာ။ဟိုကောင်ကလေးဆိုဟုတ်ရင်ဟုတ်မှာပေါ့။ကျွန်တော်ကတော့ နည်းနည်းမှတောင်ဟုတ်မနေဘူး။

“လက်ခဏပေးပါ”

အဘွားအိုက ကျွန်တော့်ဘက်ကိုကြည့်ရင်းပြောလိုက်တာမို့ ညာဘက်လက်ကို ကမ်းပေးလိုက်တော့ လမ်းဖဝါးပြင်ရဲ့နေရာတိုင်းကိုခပ်ဖွဖွထိပြီး မျက်လုံးမှိတ်ပြီးအာရုံခံနေသည်။ခဏနေတော့

“ကိုယ့်ကိုယ်ကိုယ်ပိုင်နိူင်တယ်လို့ထင်နေပေမဲ့ ကိုယ့်စိတ်ကိုကိုယ်မသိသေးဘူးပဲ”တဲ့။
အဲ...ဒါကတော့မှန်သလိုလိုပဲ။ဘာလို့ဆိုကျွန်တော်က တခြားလူဘာပြောပြောကျွန်တော့်စိတ်ကျွန်တော်အသိဆုံးလို့ သတ်မှတ်ထားတဲ့လူမို့။အိုင်ရင်းရော၊တခြားသူငယ်ချင်းတွေကရောပြောတာတော့ ကျွန်တော်မသိဘဲဖြစ်သွားတာတွေမှအများကြီးတဲ့။အဲ့တာမို့ ကိုယ့်ကိုယ်ကိုယ်သိလှချည်ရဲ့ဆိုပြီးမညာနဲ့၊ကွယ်ဝှက်မထားနဲ့တဲ့။အဲ့လိုပြောကြတိုင်း ဘယ်ဟာတွေငါမသိလိုက်လို့တုန်းလို့ပြန်မေးရင်လည်း မပြောကြပြန်ဘူး။သူတို့ပြောမှပြင်လို့ရမှာပေါ့။

𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢Where stories live. Discover now