Unicode
အခန်းမီးအလင်းရောင်အောက်ရောက်မှ နှစ်နှစ်တာလွမ်းဆွတ်နေရတဲ့မျက်နှာလေးကို ရှင်းရှင်းလင်းလင်းမြင်ရတော့သည်။ကျွန်တော်ကလည်း သူ့မျက်နှာကိုစိုက်ကြည့်နေသလို သူကလည်းကျွန်တော့်ကိုပြန်စိုက်ကြည့်နေပြီး အချိန်တော်တော်ကြာတဲ့အထိ ဘယ်သူကမှစကားမစဖြစ်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုက ဒီလောက်ခြောက်တိခြောက်ခမ်းနိူင်လိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး။မကြာခဏစိတ်ကူးယဥ်ဖူးတဲ့အတွေးတွေထဲမှာတော့ စတွေ့တာနဲ့သူကလည်းငို၊ကျွန်တော်ကလည်းငို ဒါမှမဟုတ်အရမ်းကိုပျော်ရွှင်ပြီး ရယ်မောနေခဲ့တယ်ဆိုတာမျိူးချည်းပဲ။
ခုရောမပျော်ဘူးလားဆိုတော့ မဟုတ်။နှစ်ဆယ့်လေးနှစ်တာကာလမှာ တွေ့ကြုံခဲ့ရသမျှအပျော်တွေနဲ့ခုအပျော်က ဘယ်လိုမှနှိုင်းယှဥ်လို့မရတဲ့အထိကိုပဲ။ဒါပေမဲ့ ဒီအချိန်ဘယ်ကနေစလို့ဘာကိုပြောရမလဲ ကျွန်တော်မသိဘူး။"အစ်ကို အာဟာရဖြစ်အောင်မစားဘူးလား"
"ဟင်!"
"အရမ်းပိန်နေတယ်လေ"
"ငါကအစကတည်းက ပိန်တာပဲဟာကို"
"အရင်နဲ့မတူပါဘူးဗျာ..ခုကပိုပိန်နေတာ.."
"ဘယ်သွားမလို့လဲ"
ကောင်ကလေးက ဘဝင်မကျသလိုပြောပြီးထရပ်လိုက်တာမို့ မေးလိုက်တော့
"အစ်ကိုဘာတွေစားသောက်နေသလဲ ကြည့်မလို့"တဲ့။
ပြောပြီးတာနဲ့ မီးဖိုခန်းဘက်ကိုလျှောက်သွားတာမို့ အနောက်ကလိုက်သွားကြည့်လိုက်တော့ ရေခဲသေတ္တာကိုဖွင့်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်၊ နံရံကပ်စင်ထဲကို ရှာကြည့်လိုက်လုပ်နေသည်။
ဘာတွေ့မှာလဲ။ခေါက်ဆြဲခြောက်နဲ့ အသားနည်းနည်း၊အရွက်နည်းနည်းပဲပေါ့။
"ဒါတွေစားနေမှတော့ ဘယ်အာဟာရဖြစ်တော့မှာလဲ။အစ်ကိုကပေကိုပေလွန်းတယ်"
"ဘယ်အချိန်ပြန်ရောက်တာလဲ။အိမ်ပြန်ပြီးပြီလား။ခုဘယ်မှာနေနေလဲ။အပြီးပြန်လာတာလား။ကျောင်းကရော.."
YOU ARE READING
𝚂𝚘𝚖𝚎𝚝𝚒𝚖𝚎𝚜 𝙻𝚘𝚟𝚎 𝙸𝚜 𝚂𝚠𝚎𝚎𝚝 𝙻𝚒𝚔𝚎 𝙷𝚘𝚗𝚎𝚢
Fanfiction🍯 Luo Yunxi & Chen Feiyu Feiyunxi Fan Fiction