အပိုင်း - ၁၃၇ (ဘေးရန်ဉပါဒ်ဆိုးကြီးအပြီး ပြဿနာဖြေရှင်းခြင်း)

45.1K 2K 407
                                    

အပိုင်း - ၁၃၇ (ဘေးရန်ဉပါဒ်ဆိုးကြီးအပြီး ပြဿနာဖြေရှင်းခြင်း)

{ သူ့ငှက် မထောင်နိုင်တဲ့ကောင် မီးဖိုချောင်ထဲရောက်နေတယ်}

အစကတည်းက တစ်ဖက်လူမှာ အသုံးမကျသော ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်နေသည့်အပြင် တုန်လှုပ်ကြောက်ရွံ့မှုကြောင့် စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ လိပ်ပြာလွင့်ချင်ချင်ဖြစ်နေသောကြောင့် ဝမ်းလျိုနျဲန်ခမျာ နာ့ရှီးရှစ်အား ညတစ်ပိုင်းကုန်သည့်တိုင်သင်ကြားပြသပေးနေရသည်။ မည်သည့်ပြဿနာမှမဖြစ်လောက်တော့ဟု စိတ်ချသွားပြီးသောခါမှ ကျောက်ယွဲ့ကိုခေါ်လိုက်ကာ နာ့ရှီးရှစ်ကို ပိုင်ရှန့်ပြည်ထဲ ခိုးပြီးခေါ်သွားခိုင်းစေသည်။

ကျောက်ယွဲ့က ထွက်မသွားခင် ဆက်ဆက်မှာလာသည်။

"စောစောသွားအိပ်ဦး၊ ဟုတ်ပြီလား"

"အင်း၊ အင်း။ ရတယ်၊ ရတယ်"

ဝမ်းလျိုနျဲန်က ခေါင်းညိတ်ပြလိုက်ကာ နွေဦးလေပြေလေးနှယ် နွေးထွေးချိုမြသော အပြုံးဖြင့် ပြုံးပြလိုက်၏။

ကျောက်ယွဲ့က ဆက်ပြောလာပြန်၏။

"ညစာစားခွင့်မပြုဘူး"

အမတ်မင်းဝမ်း - "....."

ကျောက်ယွဲ့က ရဲမက်နှစ်ယောက်ကိုခေါ်လိုက်ကာ ဝမ်းလျိုနျဲန်ကို သင်္ဘောဝမ်းခန်းထဲ ပြန်သွားပို့လိုက်စေ၏။

ဝမ်းလျိုနျဲန်ကမူ လမ်းလည်းလျှောက်ရင်း ရာထူးကြီးမှူးမတ်များ၏ ဟန်ပန်အတိုင်း ဣန္ဒြေသိက္ခာအပြည့်ချပြီး တိုးတိုးလေးပြောလာ၏။

"ငါအမတ်မင်း စားဖိုချောင်ဘက် တစ်ချက်သွားကြည့်ဦးမယ်"

ရဲမက်များက မကြားချင်ယောင်ဆောင်ကာ ဝမ်းလျိုနျဲန်ကို တစ်ယောက်တစ်ဖက်ဖမ်းချုပ်ပြီး နားနေခန်းသို့ ပြန်သွားပို့လိုက်သည်။

ဝမ်းလျိုနျဲန်မှာ တံခါးနှင့်တစ်သားတည်းဖြစ်တော့မတတ် မှီချလိုက်သည်၊ အင်မတန်မှလည်း စိတ်ဓာတ်ညှိုးရော်နွမ်းလျနေပြီဖြစ်၏။ မည်မျှဆင်းရဲပင်ပန်းကြောင်း စာတစ်တန်ပေတစ်တန် ရေးဖွဲ့ချင်စမ်းရဲ့။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now